အမြဲတမ်း ချဲလ်ဆီးပရိသတ်လို့ မော်ရင်ဟို ပြောကြားလာ

စက်တင်ဘာ ၃၀

ချဲလ်ဆီးနည်းပြဟောင်းဟိုဆေးမော်ရင်ဟိုက ၎င်းမှာ ချဲလ်ဆီးပရိသတ်တစ်ဦးအဖြစ် အမြဲရှိနေမှာ ဖြစ်ကြောင်း၊ သို့ရာတွင် အင်္ဂါနေ့ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အနိုင်ရရှိရန် မျှော်လင့်ကြောင်း ပြောကြားလာပါတယ်။

ချဲလ်ဆီးဟာ အသင်းကို မော်ရင်ဟိုကိုင်တွယ်တဲ့ ၂ ကြိမ်အတွင်း ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ခါရာဘောင်ဖလား ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် ၆၂ နှစ်ရှိ မော်ရင်ဟိုဟာ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်၊ စပါးစ်၊ ရိုးမားနှင့် ဖီနာဘာချီတို့ကိုလည်း ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ဩဂုတ်လတုန်းက တူရကီကလပ်မှ ထုတ်ပယ်ခြင်းခံရပြီးနောက် အသင်းဟောင်းဘင်ဖီကာသို့ ရောက်လာပါတယ်။

ဘင်ဖီကာတွင် နည်းပြဘဝစတင်ခဲ့တဲ့ မော်ရင်ဟိုဟာ ဘင်ဖီကာအား ကိုင်တွယ်တဲ့ ပထမဆုံး ၃ ပွဲတွင် ၂ ပွဲနိုင်၊ ၁ ပွဲသရေကျ ရရှိထားပါတယ်။

ချဲလ်ဆီးနှင့် ဆက်ဆံရေးအား မေးမြန်းလာချိန်တွင် မော်ရင်ဟိုက "အပြာတစ်ယောက်အနေနဲ့ အမြဲရှိနေမယ်။ ကျွန်တော်က သူတို့သမိုင်းရဲ့အစိတ်အပိုင်းတစ်ရပ်ပါ။ သူတို့ကလည်း ကျွန်တော့်သမိုင်းရဲ့အစိတ်အပိုင်းပါ။ သူတို့က ပိုကြီးတဲ့ ချဲလ်ဆီးဖြစ်လာအောင် ကျွန်တော် ကူညီခဲ့တယ်။ သူတို့ကလည်း ပိုကြီးတဲ့ ဟိုဆေးဖြစ်လာအောင် ကူညီခဲ့တယ်။ ဒီပွဲမတိုင်ခင်နဲ့ ဒီပွဲပြီးချိန်မှာ ချဲလ်ဆီးအဖြစ် ရှိနေမယ်။ ဒါပေမယ့် ပွဲချိန်ထဲမှာတော့ ဘင်ဖီကာပါ။ အပြာတစ်ယောက် မဟုတ်ဘူးလို့ ပြောလာချိန်မှာ ကျွန်တော်က မနက်ဖြန်လုပ်ရမယ့်အလုပ်အကြောင်းပဲ ပြောလာမယ်"လို့ ပြောကြားသွားပါတယ်။

မော်ရင်ဟိုဟာ ပေါ်တိုနှင့်အတူ ၂၀၀၄ ခုနှစ် ချန်ပီယံလိဂ်ဖလား ရရှိခဲ့သလို အင်တာမီလန်နှင့်အတူ ၂၀၁၀ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

imageimage