◾️မြစ်ကြီးနားရှိစစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအခက်ခဲကြုံတွေ့နေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော ဖားကန့်မြို့မှစစ်ဘေးရှောင်ပြည်သူများမှာ နေထိုင်စားသောက်ရေးအခက်အခဲကြုံတွေ့နေကြောင်း ဒေသခံများထံမှသိရသည်။
"ဖားကန့်ဘက်မှာတိုက်ပွဲပြင်းထန်နေတော့ မြစ်ကြီးနားဘက်ကိုရွှေ့လာကြတာ။ မနေ့ကဆိုရင် ဆိုင်ကယ်တွေကားတွေနဲ့ရောက်လာကြတာအများကြီးပဲတွေ့လိုက်တယ်။ ဘယ်စစ်ရှောင်စခန်းကို သွားကြလဲတော့မသိဘူး" ဟုမြစ်ကြီးမြို့မှဒေသခံတစ်ဦးကပြောသည်။
လတ်တလောတွင် စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးစခန်းများတွင် နေရာချထားပေးပြီး ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများကူညီဆောင်ရွက်ပေးနေသော်လည်း နေ့စဉ်စစ်ဘေးရှောင်ဦးရေတိုးလာနေသောကြောင့် နေထိုင်စားသောက်ရေးအတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်းသိရသည်။
စစ်ဘေးရှောင်စခန်းတစ်ခုလျှင် စစ်ဘေးရှောင်ဦးရေသုံးထောင်ခန့်ရှိကြောင်း၊ လက်ရှိတွင် ဖားကန့်မြို့၌ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသခံများမှာမြစ်ကြီးနားနှင့် မိုးညှင်းမြို့တို့၌တိမ်းရှောင်နေကြရကြောင်း မြစ်ကြီးနားမြို့ရှိပရဟိတအဖွဲ့တစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ရှမ်းမျိုးနွယ်စုရေးရာ
#ပြည်တွင်းသတင်း