ဘန်ကောက်လမ်းပြိုမှုပြင်ဆင်ရာဝန်းကျင်လမ်းကြောင်းများကို ပြည်သူကရှောင်ရှားပေးခြင်းဖြင့် ပူးပေါင်းပေးရန်နိုးဆော်
စက်တင်ဘာ ၂၄ ရက်က လမ်းပြိုကျမှုကြောင့် ဖြစ်ပေါ်လာသည့် ဧရာမ တွင်းကြီးပြုပြင်နေမှုအား ဘန်ကောက်မြို့ တော်ဝန် Chadchart Sittipuntက ယမန်နေ့ညက လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်သူများSamsen လမ်းတဝိုက်ရှိ လမ်းကြောင်းများကို ရှောင်ရှားပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
မြေအောက်ရထား MRT (Mass Rapid Transit Authority of Thailand) တာဝန်ရှိသူများနှင့် ကန်ထရိုက်တာများက ဧရာမ တွင်းကြီးအတွင်း လက်ကျန်အပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် နေ့ရောညပါ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိနေသည်။