4 w - Translate

ဘန်​ကောက်လမ်းပြိုမှုပြင်ဆင်ရာဝန်းကျင်လမ်းကြောင်းများကို ပြည်သူကရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းပေးရန်နိုး​ဆော်
စက်တင်ဘာ ၂၄ ရက်က လမ်းပြိုကျမှုကြောင့် ဖြစ်ပေါ်လာသည့် ဧရာမ တွင်းကြီးပြုပြင်​နေမှုအား ဘန်ကောက်မြို့ ​တော်ဝန် Chadchart Sittipuntက ယမန်နေ့ညက လာ​ရောက်ကြည့်ရှုစစ်​ဆေးခဲ့သည်။
ပြည်သူများSamsen လမ်းတဝိုက်ရှိ လမ်းကြောင်းများကို ရှောင်ရှား​ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်​ပေးရန် တောင်းဆိုထားသည်။
​မြေ​အောက်ရထား MRT (Mass Rapid Transit Authority of Thailand) တာဝန်ရှိသူများနှင့် ကန်ထရိုက်တာများက ဧရာမ တွင်းကြီးအတွင်း လက်ကျန်အပျက်အစီးများကို အမြန်ဆုံးရှင်းလင်းရန် ​နေ့​ရောညပါ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိ​နေသည်။

imageimage