4 w - Translate

◾️ထိုင်းနယ်စပ်တွင် မြန်မာလုပ်သားများ လိုက်ပါလာသောကား လမ်းဘေးထိုးကျ
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ် သမား ၂၈ ဦးလိုက်ပါလာသည့်ကား သည် စစ်ဆေးရေးဂိတ်ကို အရှိန်ပြင်း စွာဖြတ်သန်းပြီးနောက် လမ်းဘေး မြောင်းထဲ ထိုးကျကာ ဖမ်းဆီးခံခဲ့ရ ကြောင်း ထိုင်းသတင်း၏ ဖော်ပြချက် အရ သိရသည်။
စက်တင်ဘာ ၂၉ ရက် နံနက်အစောပိုင်း ၁ နာရီခ ခန့်တွင် မြန်မာအလုပ်သမား ၂၈ ဦး လိုက်ပါလာသည့် ကားကို ကန်ချနဘူရီပြည်နယ် ထောင်းဖာဖုမ်မြို့နယ် လမ်း ဆုံစစ်ဆေးရေးဂိတ်တစ်ခုတွင် ရပ်တန့်ခိုင်း သော်လည်း မောင်းပြေးခဲ့သောကြောင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းကားသည် အခြားကား တစ်စီးနှင့်တိုက်မိပြီး လမ်းဘေး ရေနုတ်မြောင်းထဲသို့ ထိုးကျသွားခဲ့ကာ ယာဉ်မောင်းထွက် ပြေးသွားခဲ့ ကြောင်း သိရသည်။
ကားအတွင်းတွင် အထောက်အထားစာရွက်စာတမ်း မပါရှိသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၉ ဦးနှင့် အမျိုး သမီးကိုးဦး စုစုပေါင်း ၂၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသားများ ပြင်းထန်စွာ ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
မြန်မာနိုင်ငံသားများသည် စံခလဘူရီမှ နယ်စပ် ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပြီး ဗန်ကောက်၊ စမွတ်စာခွန်၊စမွတ်ဆွန်ခရမ်နှင့်ချာချိုင်းဆောင်တို့တွင် အလုပ်လုပ်ကိုင် ရန်အတွက် ပွဲစားကို တစ်ဦး လျှင် ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ ကြားပေးချေခဲ့ရကြောင်း သိရသည်။
မြန်မာ အလုပ်သမား ၂၈ ဦးကို ဥပဒေအရအရေးယူရန် ထောင်း ဖာဖုမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း နယ်စပ်များမှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာများ ဆက်တိုက် ဖမ်းဆီးခံနေရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် မနက်ကလည်း ကန်ချနဘူရီ ပြည်နယ် သောင်ဖာဖုမ် မြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။
ထိုင်းသတင်းများ၏ ဖော်ပြချက်အရ ဩဂုတ်လ အတွင်း နယ်စပ်များမှ တရားမဝင်ဝင်ရောက်သည့် မြန်မာ နိုင်ငံသား ၉၀၀ ထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။
ထိုင်းသတင်းများအရ စက်တင်ဘာ ၂၉ ရက်အထိ ထိုင်းနိုင်ငံသို့ နယ်စပ်များမှ တရားမဝင် ဝင်ရောက် သည့် မြန်မာနိုင်ငံသား ၉၀၀ ထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
#ယနေ့ထုတ်သတင်းစာ_သတင်း

image