” အောင်မြတ်သာနှင့်လူသေလက်ညိုးခေါင်မိုးထိုး ”(စ/ဆုံး)
————————————————————-
ပေါလစ်ကိုပြောင်နေအောင်တိုက်ထားတဲ့ ကျွန်းသားစားပွဲပေါ်က စာရင်းစာအုပ်တွေကို ကြည့်ပြီး ဦးမြလူတစ်ယောက် သက်ပြင်းရှည်တစ်ချက်ကိုချလိုက်မိတယ်။
“ ဂျုန်း ဂျုန်း ဂျုန်း…”ဆိုတဲ့ဆန်စက်ရဲ့အသံနဲ့အတူ စက်ထဲကို အမျိုးသမီးတစ်ယောက်ဝင်လာတာကိုမြင်လိုက်ရတယ်။
“ မိငယ်ပါလား ဘာကိစ္စရှိိလို့လဲ”
“ ဒီမနက် အလုပ်လာခါနီး ကိုလှမောင် တစ်ယောက် ဗိုက်ထဲထိုးအောင့်လာလို့ဆရာ..”
“ ဟေ ဒါဆိုရင် ဒီနေ့ အလုပ်မလာနိုင်ဘူးပေါ့”
“ ဟုတ်တယ်ဆရာ သူကတောင်ပြောနေသေးတယ်…ဒီနေ့က ဆရာကိုမှာထားတဲ့အော်ဒါတွေ နောက်ဆုံးပေးရမယ့်နေ့တဲ့…သူမသွားရင် ဆန်အိတ်တွေမပြီးလောက်ဘူးဆိုပြီး ကုန်းထဖို့လုပ်သေးတာ…ဒါပေမယ့် ဗိုက်အောင့်တဲ့ ဒဏ်က ပိုပိုဆိုးလာလို့ ကျွန်မကပဲ ဆရာ့ကို အကျိုးအကြောင်း လာပြောပြတာပါ”
ဦးမြလူလဲ မိငယ်ပြောတဲ့စကားကိုကြားတော့ ဘေးမှာစီထားတဲ့ဆန်အိတ်တွေကိုကြည့်ပြီး
“ နေမကောင်းမှတော့ ဘယ်တတ်နိုင်ပါ့မလဲ… ရော့ ဒီဆေးဖိုးယူသွားပြီး သေချာကုပေးလိုက်…အလုပ်ကိစ္စကိုခေါင်းထဲထည့်နဲ့လို့ ကျန်းမာအောင်နေဖို့ ငါကမှာလိုက်တယ်ဆိုပြီး ပြောပြလိုက်”
ဦးမြလူက ငွေအချို့ကို မိငယ်ထံလှမ်းပေးလိုက်ရင်း ဆန်စက်အတွင်းဘက်ကိုထွက်သွားခဲ့တယ်။
“ ဟေ့ မောင်ကြီး ဒီနေ့အလုပ်သမားတွေ လာတာလဲမတွေ့ပါလား”
“ ဟုတ်တယ်ဆရာ… ဒီနေ့ လူအတော်များများဖျားနေကြတယ်..ဒီကြားထဲ စက်က အလိုလိုနေရင်း ထိုးထိုးရပ်နေတော့ စပါးကြိတ်တာ ထင်သလောက်မရဘူးဖြစ်နေတယ်”
“ ဒီနေ့ ဆန်အိတ် ၁၀၀၀အရောက်ပို့ရမှာအခု ဘယ်လောက်ရနေပြီလဲ”
“ ဟို ..ဟိုလေ ဆရာ”
“ ပြောမယ့်သာပြောစမ်းပါ … ဘယ်လောက်ရနေပြီလဲ”
“ ငါးရာကျော်ပဲရှိသေးတယ်ဆရာ… ဖြစ်နိုင်ရင် နောက်တစ်ရက်နှစ်ရက်လောက် ဆုတ်လို့မရဘူးလား”
“ ဟာ အဲလိုတော့ဘယ်ရမလဲ …အခုမှာထားတဲ့သူက ကတိကိုတည်မှကြိုက်တာ … ဒီပုံစံအတိုင်းဆက်သွားရင် မနက်ဖြန်မနက်ဆို ပြီးလောက်ပါတယ်”
ဦးမြလူစကားကို ဆန်စက်မန်နေဂျာဖြစ်တဲ့ မောင်ကြီးက ခေါင်းတစ်ကုတ်ကုတ်လုပ်ရင်းနဲ့
“ ဟုတ်ကဲ့ဆရာ ဖြစ်အောင်တော့အတတ်နိုင်ဆုံးကြိုးစားပါ့မယ်” လို့ပြောရင်း ဆန်တွေကိုအိတ်ထဲသွပ်နေတဲ့သူတွေရှိရာဘက်ကိုထွက်သွားခဲ့တယ်။
“ ဆရာမောင်ကြီး ဒီပုံအတိုင်းဆို မနက်ဖြန်တောင်မှီမယ်မထင်ဘူး…သူဌေးက ဒီအချိန်နဲ့ဒီပမာဏမထွက်ဘူးဆိုတာသိပေမယ့် ကျွန်တော်တို့ကိုအတင်းခိုင်းနေတာ”
“ သူဌေးအကြောင်းလဲ မင်းတို့သိရဲ့သားနဲ့…သူက ကတိပျက်မှာကိုသေမလောက်ကြောက်တဲ့လူကွ… အခု အလုပ်သမားတွေလဲမလာ စက်ကလဲ ကြောင်နေတာနဲ့တော့ ဘယ်လိုလုပ်ရမယ်မသိပါဘူး… ကဲကဲ ရသလောက်တော့ ကြိုးစားကြတာပေါ့”
အလုပ်သမား ငါးဆယ်ကျော်ရှိတဲ့ “မြဆန်စက်”ဆိုတာ ဒီနယ်တစ်ခွင်မှာ မသိတဲ့သူမရှိလောက်အောင် နာမည်ကြီးခဲ့တယ်။ “မြဆန်စက်”ပိုင်ရှင် ဦးမြလူရဲ့ သမာသမတ်ကျကျ ကွပ်ကဲမှု၊ အလုပ်သမားတွေအပေါ် စာနာမှုတွေကြောင့် အနီးအနားကလူတွေသာမက အခြားရွာကလူတွေပါ အလုပ်လာလုပ်ခဲ့ကြတယ်။ အခုလဲ ရွှေတောင်ရွာသူဌေးဦးသန်းလှိုင်အပ်ထားတဲ့ စပါးတွေကို တစ်ပတ်အတွင်း အပြီးလုပ်ပေးမယ်ဆိုပြီးကတိခံထားတဲ့ အချိန်ကစပြီး အလုပ်သမားတွေကဖျား၊ စက်ကလဲ အလိုလိုနေရင်း ရပ်ရပ်သွားတဲ့အတွက်ကြောင့် မနက်ဖြန်အမှီပေးရမယ့် ဆန်အိတ်တွေရဖို့အတွက် အလုပ်သမားတွေ နားချိန်တောင်မရပဲ လုပ်နေခဲ့ရရှာတယ်။
နေ့လည်လောက်ရောက်တော့ မောင်ကြီး ရောက်လာပြီး
“ ဆရာ စက်က မော်တာမလည်တော့ဘူး”
“ ဟင် ဟိုနေ့ကပဲ အသစ်ထည့်ထားတာလေ … ဘယ်လိုဖြစ်တာလဲ..”
“ ဟုတ်တယ်ဆရာ ကျွန်တော်တို့စမ်းကြည့်တော့လဲ ချို့ယွင်းချက်မတွေ့ဘူး..ဒါပေမယ့် နာရီဝက်လောက် လည်ပြီးရင် အလိုလိုရပ်ရပ်သွားတာ … ဟိုလုပ်ဒီလုပ်နဲ့ဆိုရင် တစ်နာရီလောက်ကြာမှ ပြန်လည်တယ်…ဒီပုံအတိုင်းဆိုရင် ဆန်အိတ်တွေအချိန်မှီပြီးမှာမဟုတ်ဘူး”
“ ဟူးးး အရင်ကဒီလိုတစ်ခါမှမဖြစ်ဘူးပါဘူး… ကဲကဲ မရရင်လဲ အခြားစက်တွေကို အကူအညီတောင်းပြီး လုပ်ခိုင်းကြည့်ပါဦးမယ်”
“ ဆရာ မပြောခင်ထဲက ကျွန်တော်လိုက်မေးပြီးပြီ…သူတို့ကလဲ မလုပ်ပေးချင်ကြဘူးဆရာ… ဟိုဘက်တစ်လမ်းကျော်က “ ဘသန်း ဆန်စက်”ပိုင်ရှင်ဆိုရင် ကျွန်တော်တို့အခုလိုဖြစ်တာကို အတော်သဘောတွေ့နေပုံပဲ”
“ မရတဲ့အဆုံးတော့ ကိုသန်းလှိုင်ကိုပဲ တောင်းပန်ရတော့မှာပေါ့”
ဦးမြလူက သူ့ဘဝမှာ တစ်ခါမှမဖြစ်ဘူးတဲ့ ကိစ္စကိုစဉ်းစားပြီးတွေးတောနေတဲ့အချိန်
“ ဆရာ အိမ်ပြန်နားလိုက်ပါ…ကျွန်တော်တို့ ဒီတစ်ညလုံး ကြိုးစားပြီးလုပ်ကြည့်ပါ့မယ်…အလုပ်သမားတွေကိုလဲ သေချာပြောပြထားတဲ့အတွက် ဆရာစိတ်မပူပါနဲ့”
“ အေးကွာ မင်းတို့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုပါတယ်.. “
ဦးမြလူက မောင်ကြီးရဲ့ပခုံးကိုပုတ်ကာ အားပေးရင်း ပိုက်ဆံအိတ်ကိုယူကာ ထွက်သွားခဲ့တယ်။
မောင်ကြီးတို့လဲ မနားမနေ လုပ်လာခဲ့တာ ညဦးပိုင်းလောက်ရောက်တော့ ဆန်စက်အနောက်ဘက်အမှောင်ထုထဲကနေ အသံနက်ကြီးနဲ့အော်တဲ့ အသံတစ်ခုကိုကြားလိုက်ရတယ်။
“ မောင်သာရ … ဆန်စက်အနောက်ဘက်က အော်သံကြားတယ် … ဘယ်သူဘာဖြစ်တာလဲမသိဘူး”
စာရှည်လို့တင့်လို့မရလို့လင့်လေးတင်ပေးထားပါတယ်ဆက်လက်ဖတ်ပေးပါ
Linkကိုဖတ်လို့အဆင်ပြေအောင်လုပ်ပေးထားပါတယ်
Link >https://blog.newsdailyrangoon.xyz/?p=2599

image