မိုနာကိုနှင့်ပွဲကိုလည်း မန်စီးတီးကွင်းလယ်လူရိုဒရီ လွဲချော်လာဖွယ်ရှိ
စက်တင်ဘာ ၂၉
ပက်ဂွါဒီယိုလာက မန်စီးတီးစတားရိုဒရီမှာ ပြီးခဲ့တဲ့ရာသီတုန်းက ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာမှ နာကျင်လာမှုကြောင့် ဘန်လေအား ၅-၁ ဖြင့် အနိုင်ရတဲ့ပွဲကို လွဲချော်ခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
စပိန်လက်ရွေးစင်စတားဟာ မကြာသေးမီကမှ ကြံ့ခိုင်မှု ပြည့်ဝလာခဲ့သူ ဖြစ်ပြီး မိုနာကိုနှင့် ချန်ပီယံလိဂ်ပွဲအား လွဲချော်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ရိုဒရီဟာ စနေနေ့တုန်းက အီတီဟတ်ကွင်းတွင် ဘန်လေအား ၅-၁ ဖြင့် အနိုင်ရတဲ့ပွဲရဲ့ မန်စီးတီးလူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။
ဂွါဒီယိုလာက "လေ့ကျင့်ရေးကွင်းမှာ ရိုဒရီက ကျွန်တော် မကစားတော့ဘူး၊ ဒူးအရမ်း နာတယ်၊ မကစားနိုင်ဘူး ဆိုပြီး ပြောလာတယ်။ အဲဒီတော့ ကျုပ်ကလည်း မကစားနိုင်ဘူးဆိုရင် မကစားရဘူး။ ဒီတော့ တခြားတစ်ယောက် ကစားမယ်။ အရင်ဒူးဒဏ်ရာက နာလာတာ"လို့ ပြောကြားသွားပါတယ်။
အလယ်တန်းကစားသမားဟာ ဒူးအရွတ်ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်လာခဲ့ရသူလည်း ဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ မိုနာကိုနှင့်ပွဲတွင် ရိုဒရီ မပါဝင်နိုင်ပါက နီကိုဂွန်ဇာလက်ဇ် (သို့မဟုတ်) ရီကိုလီဝစ်ကို ကွင်းလယ်မှာ အသုံးပြုလာဖို့ ရှိနေပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ