7 ပတ် - ဘာသာပြန်ပါ။

❝မြန်မာ့ရွေးကောက်ပွဲကို ပူးပေါင်းကာကွယ်သွားမယ်လို့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ ထုတ်ပြန်❞

စက်တင်ဘာ ၂၉

လာမယ့် ဒီဇင်ဘာလမှာ စတင်ကျင်းပမယ့်‌ မြန်မာ့ အထွေထွေရွေးကောက်ပွဲကို ပူးပေါင်းကာကွယ်သွားမယ်လို့ ကရင်လက်နက်ကိုင် (၃)ဖွဲ့ဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF/ KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)နဲ့ KNU ခွဲထွက် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC) တို့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ကရင်လက်နက်ကိုင် (၃) ဖွဲ့တို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ စက်တင်ဘာ ၂၈ ရက်နေ့က မြဝတီမြို့နယ်၊ သေ့ကတေကျေးရွာမှာရှိတဲ့ BGF အမှတ် ၂ တပ်နယ်ဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ယခုလို ထုတ်ပြန်လာခဲ့တာဖြစ်ပြီး ကရင်ဒေသခံ လူထုတွေရဲ့ ဆန္ဒအရ မဲပေးတဲ့နေရာမှာ ထိခိုက်နစ်နာမှုမရှိဖို့အတွက် အဖွဲ့စုံ ပူးပေါင်းပြီး ကာကွယ်သွားမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ကရင်ပြည်နယ်ထဲက စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေအပါအဝင် နိုင်ငံတွင်းက ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်ပြီး ကရင်လူထုကို အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါဆွေးနွေးပွဲကို BGF ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးချုပ် စောတင်ဝင်း၊ ဗိုလ်မှူးချုပ် စောမုတ်သုန်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ ဗိုလ်ချုပ်စောဆန်းအောင် စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအပြင် တပ်မတော်အရာရှိအချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image