အောက်တိုဘာ (၁)ရက်မှ စတင်၍ ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် တင်ပို့မှုများအတွက် Manual နည်းလမ်းအစား MACCS စနစ်ဖြင့် ဆောက်ရွက်ရမည်

စက်တင်ဘာ ၂၉

အောက်တိုဘာ (၁)ရက်မှ စတင်၍ ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် တင်ပို့မှုများအတွက် Manual နည်းလမ်းအစားMACCS စနစ်ဖြင့် ဆောက်ရွက်ရမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံက သိရသည်။

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်အား ကုန်သေတ္တာစနစ်အား အသုံးပြု၍ တင်သွင်း၊ တင်ပို့မှုဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကို အကောက်ခွန်ဦးစီးဌာန၏ အမိန့်အမှတ် ၃/၂၀၂၄ ၏ စံပြုလုပ်ငန်းစဉ်တွင် Manual နည်းဖြင့် ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယခုအခါ ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် တင်ပို့မှုများအတွက် လက်ရှိဆောင်ရွက်နေသော Manual နည်းလမ်းအစား လာမည့် အောက်တိုဘာ (၁)ရက်နေ့မှ စတင်၍ MACCS စနစ်ဖြင့် ဆောက်ရွက်ရမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

Declarant များအနေဖြင့် ကြေညာလွှာတွင် မိမိတင်သွင်း/တင်ပို့မှုနှင့် သက်ဆိုင်သော အချက်အလက်များကို မပျက်မကွက်ဖြည့်စွက်ရမည်ဖြစ်ပြီး ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်ဖြင့် အထူးဂရုပြုဖြည့်စွက်ရမည့်အချက်များကိုလည်း အသိပေးထုတ်ပြန်ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image