17 ပတ် - ဘာသာပြန်ပါ။

လည်ပင်းတွင် ဓားတန်းလန်းဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

စက်တင်ဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားအနီး လမ်းကြားတွင် အမျိုးသမီး တစ်ဦး၏ လည်ပင်းတွင် ဓားစိုက်ဒဏ်ရာဖြင့် သေဆုံးနေ
သည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၈ ရက် ညနေ ၄ နာရီ ၃၉ အချိန်တွင် လမ်းသွားပြည်သူများမှ မြို့ခံလူမှုကူညီရေးအသင်းထံသို့ ဖုန်းဆက်သောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်၍ ရုပ်အလောင်းကို သယ်ဆောင်၍ မြစ်ကြီးနားမြို့ဆေးရုံ OPD မှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“လည်ပင်းမှာ ဓားတန်းလန်းကြီး။ လက်တွေမှာလည်း ဒဏ်ရာတွေနဲ့။ အဲ့နားကတော့ လူနည်းနည်းရှင်းတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုဓားဒဏ်ရာများဖြင့် သေဆုံးသည့် အမျိုးသမီးမှာ အသက်(၂၀) ဝန်းကျင်ရှိပြီး၊ ရုပ်အလောင်းမှာ ပိုင်ရှင်မဲ့ဖြစ်နေပြီး ကျူးလွန်သူကိုလည်း တာဝန်ရှိသူများက စုံစမ်းရှာဖွေနေကြောင်းလည်း သိရသည်။

Photo-Credit

#democracynowmm

image