17 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ(၃၈၀၀)အထိမြင့်တက်

စက်တင်ဘာ ၂၉

ကမ္ဘာ့ရွှေဈေးမှာစံချိန်တင်ဈေးနှုန်း ဖြင့် ဈေးကွက်ဖွင့်လာပြီးရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၃၈၀၀) အထိမြင့်တက်နေပြီး ပြည်တွင်းရွှေဈေးများလည်းလိုက်ပါမြင့်တက်နေကြောင်းသိရသည်။
ကမ္ဘာ‌ရွှေဈေးမြင့်တက်ခြင်းကြောင့်ပြည်တွင်းရွှေဈေးမှာ ပြင်ပပေါက်ဈေးတစ်ကျပ်သားလျှင် သိန်း(၈၀)ခြောက်သောင်းကျပ် အထိ ဈေးကွက်ပေါက်ဈေးဖြစ်ပေါ်နေသည်။

“ကမ္ဘာ့ရွှေကလည်း မငြိမ်ဘူးဗျ။ တက်ရင်လည်းထိုးတက်ပြီး ပြန်ပြန်ကျလာတာ။ အရောင်းအဝယ်တွေတော့ ဂရုစိုက်ပေါ့ အတက်အကျ ကြမ်းနေတယ်လို့ ပြောလို့ရတယ်”ဟု ရွှေဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

ရွှေဈေးမြင့်တက်သော်လည်း အမေရိကန်ဒေါ်လာဈေးကျဆင်းသဖြင့်ရွှေဈေး အတက်‌နှေးနေခြင်းဖြစ်ပြီး ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ဝယ်ဈေး (၄၁၀၅)ကျပ်နှင့်ရောင်းဈေး (၄၁၈၅)ကျပ် ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ၏ သတ်မှတ်ချက်တွင်ရွှေတစ်ကျပ်သားလျှင် (၅၉)သိန်းရှစ်သောင်းဝန်းကျင်ပေါက်ဈေးသတ်မှတ်ထားကြောင်းသိရသည်။

ကမ္ဘာရွှေဈေးသည်လာမည်ရက်ပိုင်းအတွင်းဆက်လက်မြင့်တက်နိုင်ကြောင်း ဝါရင့်ရွှေလုပ်ငန်းရှင်များက ခန့်မှန်ထားကြသည်။

Credit - NP News Agency

#centralnewsnaypyitaw

image