ယာဉ်မောင်းလိုင်စင်များ အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူရန်မလိုဘဲ သက်တမ်းတိုး ဆောင်ရွက်ပေးမည်
စက်တင်ဘာလ (၂၉) ရက်မှစတင်၍ သက်တမ်းတိုးဆောင်ရွက်မည့် ယာဉ်များနှင့် ယာဉ်မောင်းလိုင်စင်များကို Online Booking လျှောက်ထားရန်မလိုဘဲ သက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ထို့ကြောင့် သက်တမ်းတိုးယာဉ်များအနေဖြင့် ရုံးဝန်းအတွင်းသို့ စက်တင်ဘာလ (၂၉) ရက်မှစ၍ (၃)နာရီအတွင်း ရောက်ရှိမည့်ယာဉ်များကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ယာဉ်မှန်၊ မမှန်စစ်ဆေးခြင်းနှင့် ပြောင်းလဲခြင်းယာဉ်များကို Online Booking စနစ် ရယူနိုင်ခြင်း မရှိသည့်ကာလအတွင်း ယာဉ်မှတ်ပုံတင်ထားသူ၏ မှတ်ပုံတင်အပါအဝင် ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) မူရင်းအား ခရိုင်ဦးစီးမှူးထံတင်ပြ၍ ကြိုတင်ရက်ချိန်း ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။