7 w - Translate

တရုတ် အင်ဂျီနီယာများ၏ အစွမ်းဖြင့်အံ့မခန်းနည်းပညာများနှင့် ကမ္ဘာ့အမြင့်ဆုံးဟွာကျန်းတံတား
တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးတံတားများ စုစည်းတည်ရှိမှုကြောင့် လူသိများပြီး၄င်းတို့ထဲတွင် ဟွာကျန်း ဂရင်းကင်ညွန်တံတားက​တော့ ထူးခြားသည့် ဝိသေသများနှင့်ပို၍ နာမည်ကြီး​လေသည်။
တံတားကို ၂၀၂၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး Liuzhi-Anlong အမြန်လမ်းပေါ်ရှိ ကမ္ဘာ့အမြင့်ဆုံးတံတားဟွာကျန်း ဂရင်းကင်ညွန်တံတားကြီးသည် မြစ်အထက် ၆၂၅ မီတာအမြင့်တွင်တည်ရှိပြီး ပြည်နယ်အတွင်းမှာပင်ရှိသည့် အမြင့် ၅၆၅ မီတာရှိ Beipanjiang တံတားသည် လက်ရှိတွင် ကမ္ဘာ့ဒုတိယအမြင့်ဆုံးတံတားဖြစ်သွားခဲ့သည်။
ဟွာကျန်းဂရင်းကင်ညွန် တံတားကြီးကြောင့် ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်းကို ယခင်က နှစ်နာရီကြာအချိန်ပေးခဲ့ရသော်လည်း ယခုအခါ နှစ်မိနစ်ဖြင့်ပင် ရောက်ရှိနိုင်ပြီဖြစ်သည်။ နှစ်နာရီခရီးကို နှစ်မိနစ်ဖြစ်​​အောင် ​တွေးဆခဲ့ကြသည့် စိတ်ကူးစိတ်သန်းများ၊ ဥာဏ်ရည်တုဖြင့် ထိမ်းချုပ်စစ်​ဆေးခြင်းများကို ထည့်သွင်းခဲ့ကြသည်ကအတုယူစရာပင်
ဟွာကျန်း ဂရင်းကင်ညွန်တံတားပြီးစီးရန် သုံးနှစ်ကျော် အချိန်ယူခဲ့ရကြောင်း ရှင်းဟွာသတင်းက ဖော်ပြထားသည်။ ၎င်း၏ ပင်မအလျားသည် ၁၄၂၀ မီတာရှိသောကြောင့် တောင်တန်းဒေသတစ်ခုတွင် တည်ဆောက်သော ကမ္ဘာ့အကြီးဆုံး ပင်မတံတားဖြစ်လာစေခဲ့သည်။
ခန့်မှန်းခြေအားဖြင့် ၂၁၅ တန် အလေးချိန်ရှိသော နောက်ဆုံး သံမဏိချည်မျှင်ကြိုး(တရုတ်နိုင်ငံ၏ သီးခြားတီထွင်ထားသော စတုတ္ထမျိုးဆက် ဥာဏ်ရည်တုကြိုးစနစ်၊ ရာသီဥတုကို​ခြေရာခံပြီးတံတားကြီး ပင်မကြိုး ကြံ့ခိုင်မှုကို စစ်ဆေး​ပေးနိုင်) ဖြင့် ချောမွေ့တိကျစွာ တပ်ဆင်ခဲ့သည်။တံတားဒီဇိုင်းနှင့် တည်ဆောက်မှုမှာ တရုတ်ကျွမ်းကျင်ပညာရှင်များဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြင်သစ်ရှိ မီတာ ၃၄၃ မီတာမြင့်သော Millau တံတားပြီးလျှင့် ဟွာကျန်း ဂရင်းကင်ညွန်က အမြင့်ဆုံးနှင့် အရှည်ဆုံး ဖြစ်သည်။

image