7 ပတ် - ဘာသာပြန်ပါ။

ဖုန်းနဲ့ Video ရိုက်တဲ့အခါဒီအချက် (၅) ချက်ကိုသုံးပါ
၁။ မလှုပ်ပါနဲ့
ဖုန်းတွေမှာဗီဒီယိုရိုက်တဲ့အခါကိုယ့်ဖုန်းကကောင်းတယ်ဆို Camera Movement ထည့်တာဘာမှမဖြစ်ပါဘူး။ ဒါမယ့်ကိုယ့်ဖုန်းက မငြိမ်ဘူး ၊ လှုပ်တာများတယ်ဆို Record နှိပ်ပြီးရှုခင်းထဲကလှုပ်ရှားမှုတစ်ခုခုကိုပဲရိုက်လာတာအကောင်းဆုံးပါ။
၂။ Exposure ကို Lock ချပါ။
ဗီဒီယိုမရိုက်ခင်ကိုယ်ရိုက်မယ့်နေရာကိုချိန်ပါ။ ပြီးရင် Screen လေးကိုဖိထားလိုက်ရင်အလင်းအမှောင်တွေ Lock ဖြစ်ပြီး ဗီဒီယိုထဲမှာ ကာလာပြောင်းတာတွေ ၊ လင်းလိုက်မှောင်လိုက်
ဖြစ်တာတွေမဖြစ်တော့ပါဘူး။
၃။ Exposure ကို -2 လောက်ချရိုက်ပါ
ကျွန်တော်စမ်းကြည့်ရသလောက်ဖုန်းတွေမှာ Auto ချိန်ပေးတာမျိုးဆို ပုံမှန်လင်းသင့်တဲ့အနေအထားထက်ပိုလင်းပေးထားတတ်ပါတယ်။ ဒါကြောင့် -2 လောက်အလင်းကိုလျော့ရိုက်ပါ။
၄။ ၁၀ စက္ကန့်လောက်အနည်းဆုံးရိုက်ပါ။
ဘာပဲရိုက်ရိုက် ၁၀ စက္ကန့်လောက်အနည်းဆုံးရိုက်လာပါ။ မဟုတ်ရင် Edit လုပ်တဲ့အချိန်မှာ စက္ကန့်အတိုလေးတွေကအသုံးမဝင်တာသိသွားပါလိမ့်မယ်
၅။မတူညီတဲ့ ရှုထောင့်တွေကနေရိုက်ပါ
အမြဲသတိထားသင့်တာကကျွန်တော်တို့အားလုံးကမျက်လုံးကမြင်ရတဲ့အနေအထားကနေပဲရိုက်တတ်ကြပါတယ်။ ဒါကြောင့် ခါးလေးကုန်းပြီးရိုက်တာမျိုးတွေ ၊ တစ်ခါတစ်လေ မြေကြီးကနေကပ်ရိုက်တာမျိုးတွေစမ်းကြည့်ပါ။
ပုံထဲက Video ကတော့ iPhone 13 Mini နဲ့ရိုက်လာခဲ့တာပါ။ အဓိကကင်မရာမှမဟုတ်ပါဘူး ရိုက်ထဲကသေချာလေးရိုက်လာရင်ဗီဒီယိုတိုင်းကအဆင်ပြေလာမှာပါ။

image