5 w - Translate

အပြစ်မရှိဘဲ သေဒဏ်ကျ၊ ထောင်ထဲတွင် ၄၈ နှစ် နေခဲ့ရသူ ဂျပန်အမျိုးသားကြီးအကြောင်းကို ဗြိတိန်အခြေစိုက် The Economist သတင်းဌာန၏ အွန်လိုင်းစာမျက်နှာတွင် စက်တင်ဘာ ၂၆ ရက်နေ့က သတင်းဆောင်းပါးအဖြစ် တင်ဆက်ထားသည်။
■ ၁၉၆၆ ခုနှစ်က Hakamada သည် အလုပ်ရှင်နှင့်ဇနီး၊ ဆယ်ကျော်သက်ကလေးနှစ်ဦးတို့ကို သတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် အဖမ်းခံရသည်။ ရဲ၏ နှိပ်စက်မှု၊ အစိုးရရှေ့နေများ၏ ကလိမ်ကျမှုတို့ ခံရပြီးနောက် ၂ နှစ်အကြာတွင် သေဒဏ်ချခံရသည်။
သူ၏အစ်မဖြစ်သူ အပါအဝင် လူတချို့က အမှုမှန်ပေါ်ပေါက်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းခဲ့ကြသည်။
■ အစိုးရရှေ့နေများ တင်သွင်းသည့် သက်သေအထောက်အထား မှတ်တမ်းဓာတ်ပုံမှာ ပဲဟင်းရည်အနှစ်အိုးထဲတွင် တစ်နှစ်ကြာစိမ်ထားရာမှ တွေ့ရှိခဲ့သည် ဆိုသည့် အဝတ်အစားများ ဓာတ်ပုံများဖြစ်သည်။ သို့သော်လည်း အဝတ်အစားများက သန့်ရှင်း တောက်ပြောင်လွန်းနေသဖြင့် ကလိမ်စေ့ငြမ်းဆင်ထားမှန်း သိသာနေသည်။
■ ၂၀၁၀ ပြည့်နှစ်တွင်မှ ထိုမှတ်တမ်းကို အကျဉ်းသား၏ရှေ့နေအဖွဲ့ထံ ထုတ်ပေးသည်။
■ ၂၀၁၄ ခုနှစ် မတ်လတွင် ခရိုင်တရားရုံးတစ်ရုံးက သူ့ကို ချွင်းချက်ဖြင့် ပြန်လွှတ်ရန် အမိန့်ချလိုက်သည်။ ပြန်လွတ်လာသည်။ သူ့အကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြလာကြသည်။
■ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တရားရုံးက Hakamada အပြစ်မရှိကြောင်း ဆုံးဖြတ်သည်။ ခြောက်လအကြာတွင် သူ့ကို လျော်ကြေးငွေ ယန်း ၂၁၇ သန်း (ဒေါ်လာ ၁.၄၅ သန်း) ပေးသည်။ ဂျပန်သမိုင်းတွင် ရာဇဝတ်မှုတစ်ခုအတွက် လျော်ကြေးအများဆုံးပေးမှုဖြစ်သည်။
သတင်းဌာနအများအပြားက သူပြန်လွတ်လာပုံ၊ တရားရုံးလုပ်ငန်းများ နှေးကွေးပုံနှင့် ကလိမ်ကျမှုများအကြောင်း တင်ဆက်ပြီးဖြစ်သည်။ အများစုက သတင်းစာရှင်းလင်းပွဲများ၊ ထုတ်ပြန်ချက်များကို ကိုးကားခဲ့ကြခြင်း ဖြစ်သည်။
The Economist သတင်းဌာနက တရားရုံး၏ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်သည့်နေ့ တစ်နှစ်ပြည့်ချိန်တွင် သတင်းဆောင်းပါးအဖြစ် တင်ဆက်ခြင်း ဖြစ်သည်။
ထို့အပြင် ထောင်ထဲတွင် ၄၈ နှစ်ကြာ နေခဲ့စဉ် "မနက်ဖြန် ငါ့ကို ကွပ်မျက်မှာလား" ဆိုသည်ကို ကာလရှည် စိတ်ပူပန်ခဲ့ရသည့် Hakamada ကို အချိန်ယူ တွေ့ဆုံ လေ့လာထားသဖြင့် ဆောင်းပါးတွင် နေ့စဉ်လှုပ်ရှားသွားလာမှုများအကြောင်း အသေးစိတ် ချယ်မှုန်းထားသည်ကို တွေ့ရသည်။
အမှုမှန်ပေါ်ပေါက်ရေးအတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းလာသူတို့၏ အသံ၊ ယုံကြည်မှုတို့ကိုလည်း ဖော်ပြထားသည်။
ဒီမိုကရေစီနိုင်ငံကြီးတွင်လည်း ရဲ၊ တရားရုံးများ၊ အစိုးရရှေ့နေဟု ခေါ်သည့် ဆွဲချများ၏ မတရားသဖြင့် ပူးပေါင်းဆောင်ရွက်မှုကို နှစ်ပေါင်းများစွာ အရှုံးမပေး၊ အံတုရန် ဇွဲကောင်းသူများ လိုအပ်ကြောင်း တွေ့ရသည်။
##

image