17 w - Translate

တဖြေး ဖြေး နဲ့ အရွယ်တစ်ခု ရလာတော့
တိတ်ဆိတ်အေးချမ်းမှုကိုသာ မက်မောလာတယ် ။
ဘယ်အရာမှ မမြဲဘူးဆိုတာကို အကြိမ်"
ကြုံတွေ့ခဲ့ရတော့ ကိုယ့်ကိုယ်ကိုယ်သာ
အားကိုးရာဆိုတာကို နှလုံးသွင်းတတ်လာတယ် ။
ရေစက်ရှိသလောက်ပဲ ကြုံတွေ့ရမှာမို့
ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဆုံစည်းခွင့် ရတုန်းလေးမှာ
စိတ်ကလေးကို အတတ်နိုင်ဆုံး
ဖြူအောင်ထားဖြစ်တယ်...
ခွင့်လွှတ်နိုင်သလောက်
ခွင့်လွှတ်ပြီး ခွင့်မလွှတ်နိုင်တော့ရင်
မပတ်သက်ခြင်းဖြင့်သာ
ကိုယ့်စိတ်အေးချမ်းမှုကို ရွေးချယ်ဖြစ်ခဲ့ပါတယ်