17 ပတ် - ဘာသာပြန်ပါ။

🐙 ❝ သားလောင်းဥလေးတွေကိုစောင့်ရှောက်ရင်း #အစာမစားပဲနေတဲ့ ရေဘဝဲမိခင်ရဲ့နောက်ဆုံးခရီး ❞
🇺🇸အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ Aquarium of the Pacific မှာရှိတဲ့ ရေဘဝဲမလေး Ghost ကို သူ့ရဲ့ fan တွေက စိတ်မကောင်းစွာနဲ့ နှုတ်ဆက်ကြရပြီဖြစ်ပါတယ်။
ရေဘဝဲမိခင်တွေရဲ့သဘာဝက ထူးခြားပါတယ်။ သူတို့ဟာ တစ်သက်မှာတစ်ခါပဲ ဥ,ဥချတာပါ။
ကလေးတွေနဲ့ သူ့အတွက်အန္တရာယ်ကင်းမယ့် ကျောက်ဆောင်ကျောက်ကြားကောင်းကောင်းကိုရှာပြီး ဥချပြီးပြီဆိုတာနဲ့ ရေဘဝဲမိခင်ဟာ ဘယ်မှမရွေ့ရှားတော့ပဲ သူ့ဥလေးတွေကိုပဲ ရင်အုပ်မကွာစောင့်ရှောက်ပါတော့တယ်။
ရေဘဝဲမိခင်ဟာ တစ်ခါဥရင် ဥပေါင်း ၈၀,၀၀၀ လောက်ဥပြီး စပျစ်ခိုင်လိုအတွဲလိုက်ရှိနေတာပါ။
အဲ့ဒီအထဲက ၁ ရာခိုင်နှုန်းလောက်ကပဲ အကောင်ပေါက်လာပြီး တကယ်အရွယ်ရောက်အောင် ရှင်သန်ကြီးထွားလာတာက ဒီထက်အများကြီးနည်းပါသေးတယ်။
ရေဘဝဲဥလေးတွေကို ကျောက်ကြားထဲဝင်နိုင်တဲ့ ငါးလေးတွေနဲ့ planktivorous organisms လေးတွေက စားသုံးနိုင်တဲ့အတွက် အမေရေဘဝဲက ဘယ်မှမသွားပဲ စောင့်ရှောက်ပေးရတာဖြစ်ပါတယ်။
ဒါ့အပြင် ရေဘဝဲမိခင်ဟာ ဥလေးတွေအောက်ဆီဂျင်ဓာတ်ရအောင်ရယ်၊ ဘက်တီးရီးယားနဲ့ရေမှော်တွေကင်းအောင်ရယ် လုပ်ပေးရပါသေးတယ်။
ဒါ့ကြောင့် ရေဘဝဲမေမေခမျာမှာ သူ့ကလေးသားလောင်းလေးတွေကို စောင့်ရှောက်ရင်း ဘယ်မှမသွား၊ အစာမစားရတော့ပဲ တဖြည်းဖြည်းနဲ့သေဆုံးသွားတာဖြစ်ပါတယ်။
ဒီလိုအစာလုံးဝမစားရတဲ့အချိန်ဟာ ၆ လကနေ ၁၀ လလောက်အထိ အမျိုးအစားပေါ်မူတည်ပြီးကြာတတ်တဲ့အတွက် သူ့အတွက်တကယ့်ကို ဒုက္ခခံပေးဆပ်ရတဲ့အချိန်ဖြစ်ပါတယ်။
ဒီလိုရေဘဝဲမေမေကြီး အသက်ဆုံးရှုံးတဲ့အထိ ဒုက္ခခံပြီးစောင့်ရှောက်တဲ့ process ကို senescence လို့ခေါ်ပါတယ်။
ကလေးလေးတွေအကောင်ပေါက်လာတဲ့အချိန်မှာ ရေဘဝဲမေမေက နောက်ဆုံးထွက်သက်နဲ့ ရေဘဝဲအကောင်ပေါက်လေးတွေကို ကျောက်ကြားကနေ အသာမှုတ်ထုတ်လိုက်တဲ့အခါမှာ ကလေးတွေဟာ မိခင်ရဲ့အသက်မဲ့ခန္ဓာကိုထားပြီး ရေစီးကြောင်းနဲ့အတူပါသွားတယ်လို့ ဆိုပါတယ်။
အပေါ်မှာပြောခဲ့တဲ့ Ghost ဆိုတဲ့ ရေဘဝဲမလေးဟာ giant Pacific octopus အမျိုးအစားဖြစ်ပြီး သူဥချချိန်ရောက်လာတဲ့အခါမှာ ဝန်ထမ်းတွေက သူ့အတွက်ဆိတ်ငြိမ်အေးချမ်းတဲ့နေရာကို ရွှေ့ပေးတာဖြစ်ပါတယ်။
ရေဘဝဲမလေး Ghost ဟာ Aquarium of the Pacific ကိုရောက်ကတည်းက လာလည်သူတွေက ချစ်ကြတယ်လို့ ဆိုပါတယ်။
တချို့ fan တွေက သူ့ပုံတက်တူးတောင် ထိုးကြတယ်လို့ ဆိုပါတယ်။
အခု ရေဘဝဲမလေး Ghost ဟာ ဥပေါင်းများစွာဥထားကာ အစာအငတ်ခံပြီး စောင့်ရှောက်မှာဖြစ်ပေမဲ့ သူ့ဥလေးတွေက သန္ဓေမအောင်ထားတဲ့အတွက် အကောင်ပေါက်လာမှာမဟုတ်ဘူးဆိုတာကို သူမသိရှာဘူးလို့ ဆိုပါတယ်။
ရေဘဝဲမေမေရဲ့နောက်ဆုံးမျက်လုံးမှိတ်သွားမယ့်ပုံကို ကွန်မန့်က ပုံတွေထဲမှာ တွေ့နိုင်ပါတယ်။

image