16 ပတ် - ဘာသာပြန်ပါ။

အစ္စရေး၏ စစ်ရေးချဲ့ထွင်မှုကြောင့် ထရမ့်အစီအစဉ်ကို ဟားမာ့စ် လက်မခံ

ကိုင်ရို၊ စက်တင်ဘာ ၂၉

အစ္စရေးတပ်ဖွဲ့များက ဂါဇာစီးတီးမြို့ကို ထိုးစစ်ဆင်မှု ပိုမိုတိုးမြှင့် လုပ်ဆောင်နေခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ ဂါဇာအတွက် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို လက်မခံနိုင်ကြောင်း ဟားမာ့စ်အဖွဲ့က ပြောသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အစ္စရေး သတင်းစာ တစ်စောင်တွင် ဟားမာ့စ်အဖွဲ့သည် အစ္စရေး ဓားစာခံများအားလုံးကို လွှတ်ပေးရန် စည်းမျဉ်း များကို သဘောတူခဲ့သည်ဟု ဖော်ပြထားသည်။

အပြန်အလှန် အနေဖြင့် ဟားမာ့စ်အဖွဲ့က ပါလက်စတိုင်း အကျဉ်းသားရာချီ ပြန်လွှတ်ပေးရန်နှင့် အစ္စရေးတပ်ဖွဲ့ များ တဖြည်းဖြည်း တပ်ပြန်ဆုတ်ရန် လိုလားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုအစီအစဉ်တွင် ဂါဇာ၌ ဟားမာ့စ် အုပ်ချုပ်ရေးကို အဆုံးသတ်ရန်နှင့် အစ္စရေး အနေဖြင့် ဂါဇာကို သိမ်းပိုက်ခြင်း မပြုရန် ကတိကဝတ်များလည်း ပါဝင်သည်ဟုဆိုသည်။

ဟားမာ့စ် တာဝန်ရှိသူတစ်ဦးက ၎င်းတို့ထံ မည်သည့် အစီအစဉ်မှ ပေးပို့လာခြင်းမရှိကြောင်း ရိုက်တာသတင်းကို ပြောပြခဲ့သည်။

“ဂါဇာနဲ့ ပတ်သက်ပြီး သဘောတူညီချက် တစ်ရပ်လိုမျိုး ရရှိထားပါတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မပြောနိုင် သေးဘူး” ဟု ထရမ့်က စက်တင်ဘာ ၂၆ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အစ္စရေးက ထရမ့်၏ မှတ်ချက်များကို လူသိရှင်ကြား တုံ့ပြန်ထားခြင်း မရှိပေ။

ထရမ့်က ထိုအရေးကို ဆွေးနွေးရန်အတွက် စက်တင်ဘာ ၂၉ ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

Source: ရိုက်တာ

ပုံ - စစ်ပွဲအတွင်းက ပျက်စီးနေတဲ့ ဂါဇာမြို့ကို တွေ့ရစဉ်

Credit - Central News Independence News Agency

#centralnewsnaypyitaw

image