ပြောဖို့မလိုအပ်ရင် တစ်နေ့တာ မြင့်မြတ်တဲ့ တိတ်ဆိတ်မှုကို လေ့ကျင့်ခြင်းနဲ့ စကားမပြောမိအောင် ရှောင်ခြင်းဟာ အလိုအလျောက် သိတာမဟုတ်တဲ့ နည်းလမ်းတစ်ခုနဲ့ ညှာတာတဲ့ စကားတစ်ခုကို ဖော်ထုတ်ဖို့ သင့်ကို ကူညီပါလိမ့်မယ် ။
တခြားလူတွေအပေါ် ပိုပြီး ညှာတာထောက်ထားမှုရှိအောင် လေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မြင့်မြတ်တဲ့ တိတ်ဆိတ်မှုကို လေ့ကျင့်နေတာဖြစ်ကြောင်း သင့်ရဲ့မိသားစုကို သင်က ရှင်းပြလို့ရပါတယ် ။
သင် တိတ်ဆိတ်နေတဲ့အခါ သင့်ရဲ့ အတွေးတွေနဲ့ ရည်ရွယ်ချက်တွေကို ပိုပြီး ကြည်ကြည်လင်လင် မြင်နိုင်ပါတယ် ။ ချီးမွမ်းဖို့ နဲ့ ကဲ့ရဲ့ဖို့ သင့်ဆီမှာ ရုတ်တရက်ဖြစ်ပေါ်တဲ့ ဆန္ဒတွေကို သင် မြင်နိုင်ပါတယ် ။ ဝေဖန်ဖို့ ဆန္ဒပြင်းပြမှုဟာ တစ်ခုခုကို ပြောချင်နေတဲ့အတွက် မကြာခဏ ဖြစ်တတ်တယ်ဆိုတာကို သင် တွေ့နိုင်ပါတယ် ။ တစ်ခုခုကိုပြောဖို့ ဆန္ဒပြင်းပြမှု သင့်မှာရှိတဲ့အခါ သင်ပြောမဲ့အရာဟာ ရာနှုန်းပြည့် မှန်ရဲ့လားဆိုတာ သင့်ကိုယ်သင် မေးပါ ။
သင် ပြောမဲ့အရာဟာ ညှာတာထောက်ထားမှု ရှိရဲ့လား ၊ နူးညံ့သိမ်မွေ့မှုရှိရဲ့လား ၊ အကျိုးရှိရဲ့လား ၊ အချိန်အခါ သင့်ရဲ့လား ။ အဲဒီ စကားဟာ ငြိမ်းချမ်းမှု နဲ့ ပျော်ရွှင်မှုကို ဖြစ်စေမှာလား ။
အရာရာကို ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်ချင်တဲ့ ဆန္ဒပြင်းပြမှုကို သတိပြုလိုက်ပါ ။ သတိပြုရုံပဲ ပြုလိုက်ပါ ။ ပြီးရင် ပြုံးလိုက်ပါ ။ အဲဒီဆန္ဒဟာ ထွက်သွားလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ် ။ မြင့်မြတ်တဲ့ တိတ်ဆိတ်မှုနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုဆိုတဲ့ စွမ်းအား ၊ စိတ်ရှည်သည်းခံမှုနဲ့ လွှတ်ချလိုက်မှုဆိုတဲ့ အကျင့်သီလကောင်းတွေကို သင်က အားဖြည့်ပေးပါလိမ့်မယ် ။
#ဇော်ဝင်းကြူ (ပျဉ်းမနား)

image