ကွမ်တမ်ပညာ၏ သမိုင်းအကျဉ်း အပိုင်း ၁
ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ universeမှာ မျက်မြင်ထင်ရှားမြင်နေရတဲ့ အရာက နှစ်ခုရှိပါတယ်။
အဲ့အရာတွေက ဒြပ်ရယ်(matter), radiation(ဖြာထွက်ခြင်း)ဆိုတဲ့ အရာနှစ်ခုဖြစ်ပါတယ်။ ၁၉ရာစု ကုန်ခါနီးလောက်မှာ Physicsကို အကုန်လုံးနီးပါး ပြီးပြည့်စုံတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
အထူးသဖြင့် Macroscopic levelဆိုရင် Classical Physicsလို့ခေါ်တဲ့ Newtonian, Lagrangian, Hamiltonတို့ရဲ့ mechanicsတွေက ပြေပြေလည်လည်ဖြေရှင်းပေးနိုင်ပါတယ်။
Radiationဆိုတာ တစ်နည်းအားဖြင့်ပြောရရင် Electromagnetic wavesပါပဲ။ အဲ့ဒီ့အရာတွေကို မက်စ်ဝဲလ်ရဲ့ (၁၈၈၅) Electromagnetic Wave Theoryကိုသုံးပြီးတော့ လှိုင်းတွေရဲ့ interferenceဖြစ်တာတွေ diffractionဖြစ်တာတွေကို ကောင်းကောင်းရှင်းပြနိုင်ပါတယ်။
အဲ့ဒါတွေကြောင့် ရူပဗေဒပညာရှင်တွေက microscopicဘက်ကို ဦးတည်ပြီး လေ့လာကြပါတယ်။ အဲ့ဒီ့အချိန်ကာလတွေမှာ statistical thermodynamicsကရူပဗေဒလောကကို dominationလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ဘော့စ်မန်း၊ ဂစ်(စ်)၊ မက်စ်ဝဲလ်တို့ရဲ့ သီအိုရီတွေ ပေါ်ထွန်းလာတဲ့အချိန်ကာလဖြစ်ပါတယ်။ ထို့ကြောင့်၁၈၇၅ခုနှစ်လောက်တုန်းက နောင်တစ်ချိန်မှာ ကွမ်တမ်မက္ကင်းနစ်ရဲ့ဖခင်တစ်ယောက်ဖြစ်လာမယ့် မက်စ်ပလန့်ကို သူ့ရဲ့ဆရာဖီးလစ်ဗွန်ဂျော်လီ က သီအိုရီရူပဗေဒကို လေ့လာတာကကောင်းမွန်တဲ့အကြံတစ်ခုမဟုတ်ဘူးလို့ပြောခဲ့ဖူးပါတယ်။
ဘာကြောင့်လဲဆိုတော့ သီအိုရီရူပဗေဒကိုအကုန်လုံးနီးပါး ရှာဖွေပြီးသွားပြီ၊ အမှုန်တွေရဲ့ပုံစံတွေကို တစ်ခုနှစ်ခုလောက်သာ စမ်းသပ်လိုက်ရင် ပြီးသွားပါပြီလို့ ပြောခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ စမ်းသပ်ပြီးရလာတဲ့ experimental resultတွေက classical physicsနဲ့ သဟဇာတမဖြစ်တဲ့ ရလဒ်တွေ ရလာခဲ့တယ်။
အဲ့လိုမျိုး ရလဒ်တွေက တဖြည်းဖြည်းနဲ့ များလာတဲ့အခါမှာ Classical Physicsရဲ့ crisisတစ်ခုဖြစ်လာခဲ့ပါတယ်။
တစ်နည်းအားဖြင့်ပြောရရင်တော့ Classical Physicsနဲ့မကိုက်ညီတဲ့ resultsတွေကို ရှင်းပြပေးနိုင်ဖို့ theoryတွေထုတ်ဖို့ လိုလာခဲ့ပါပြီ။
ဒီအရာက ကွမ်တမ်မက္ကင်းနစ်ကို အစပျိူးစေတဲ့အရာလို့ပြောရင် မမှားပါဘူး။ အဲ့တာတွေက အလင်းအမှုန်သဘာဝတို့ ဒြပ်တွေရဲ့ လှိုင်းသဘာဝတို့ စွမ်းအင်တွေကို quantizedလုပ်ထားတဲ့အရာတွေကို လေ့လာတာပဲဖြစ်ပါတယ်။
ဒါကို ကွမ်တမ်မက္ကင်းနစ် မွေးဖွားခြင်းလို့ ခေါင်းစဉ်တပ်ကြမယ်ဆိုရင်ဒီအရာကို ဦးဆောင်ခဲ့တဲ့ သီအိုရီရူပဗေဒပညာရှင်မက်စ်ပလန့်က Quantum revolutionကို ဦးဆောင်ခဲ့တဲ့ ပညာရှင်တစ်ယောက်လို့ပြောရင် အကုန်လုံး လက်ခံကြမယ်လို့ ထင်ပါတယ်။
အဲ့ကနေမှဆက်ရရင် (၁၉၀၅)ခုနှစ်မှာ အိုင်းစတိုင်းက ပလန့်ရဲ့hypothesisရယ် ၁၈၈၇မှာ ဟက်စ်ရဲ့ Photoelectric Effectတို့ကိုအသုံးပြုပြီးတော့ အလင်းဆိုတာ စွမ်းအင်အထုတ်လေးတွေနဲ့ ပေါင်းစပ်ထားတယ်။ အဲ့လိုအရာလေးတွေကို ဖိုတွန်ဆိုတဲ့ အမှုန်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာ ပြေလည်စွာဖြေရှင်းပြပေးနိုင်ခဲ့ပါတယ်။
ဆက်ရရင် လွတ်လပ်စွာရွေ့လျားနေတဲ့ အီလက်ထရွန် ဒါမှမဟုတ် စည်းနှောင်ထားတဲ့အခြေအနေမှာရှိတဲ့ အီလက်ထရွန် တွေကို High Energy Photonတွေပါတဲ့ X-rayကို သုံးပြီးတော့ scatteringလုပ်လိုက်တဲ့အခါမှာ Photonရဲ့ angleပြောင်းသွားတာနဲ့ wavelengthကလိုက်ပြောင်းသွားတာတွေ ဖိုတွန်နဲ့အီလက်ထရွန်တို့ ထိတိုက်တဲ့အခါမှာအရွေ့စွမ်းအင်နဲ့အဟုန်ဆီကို ပြောင်းလဲသွားတာတွေကို ၁၉၂၃ခုနှစ်မှာ သက်သေပြခဲ့တဲ့ Compton scattering experiment။
အဲ့ဒီ့အပေါ်မှာဖော်ပြခဲ့တဲ့အရာသုံးခုက radiationဆိုတာ အမှုန်လိုမျိုး ပြုမူနိုင်တယ်လို့ ဆိုကြရပါမယ်။ တစ်နည်းအားဖြင့်ပြောရရင် အဲ့အရာတွေကို Particle nature of lightလို့ ဆိုလို့ရပါတယ်။
တစ်ချိန်တည်းမှာပဲ Atomic Theoryကို ပြုပြင်ပြောင်းလဲဖို့လုပ်နေတဲ့ (၁၉၁၁)ခုနှစ်က သီအိုရီရူပဗေဒပညာရှင်နေးစ်ဘိုလ်းရဲ့ အဆိုပြုထားတဲ့ယူဆချက်တွေ ပေါ်လာခဲ့ပါပြီ။ Electronရဲ့ energy level, orbits, shapeတွေကို လေ့လာဖို့ နေးစ်ဘိုလ်းဦးဆောင်ပြီးတော့ quantum numberဆိုတဲ့ အရာကိုတီထွင်လာခဲ့ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ အနှစ်ချုပ်အနေနဲ့ ပြောရရင် ၁၉၂၅ခုနှစ် အရှေ့ပိုင်းကို(၁၉၀၀-၁၉၂၅) Old Quantum Theoryလို့ ခေါ်လို့ရပါတယ်။ ဒီtheoryတွေက Classical Physicsက ယူဆချက်တွေကို ထည့်ပေါင်းထားတယ်ဆိုတာကို ပြသနေပါတယ်။