စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာကို လွဲပြောင်း ရယူလာတဲ့ အေစီမီလန်
စက်တင်ဘာ ၂၉
အေစီမီလန်ဟာ တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပေမယ့်လည်း နာပိုလီအား အနိုင်ယူကာ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရယူလာပါတယ်။
မနေ့ညကပွဲတွင် ချဲလ်ဆီးစတားဟောင်းခရစ္စတီယန်ပူလီဆင်က ဦးဆောင်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သလို ပင်နယ်တီမှတဆင့် အနိုင်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။
အမေရိကန်လက်ရွေးစင်ဟာ ပွဲအစ ၃ မိနစ်မှာ အလက်ဆစ်ဆီလီမီကာ ဦးဆောင်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သလို ၃၁ မိနစ်မှာ ပင်နယ်တီကနေ ဒုတိယဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။
နာပိုလီဟာ ဒုတိယပိုင်းပွဲချိန် ၅၇ မိနစ်မှာ အက်စ်တူပီနန် အနီကတ်ပြထုတ်ပယ်ခံရလို့ တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲ့ပါတယ်။ ဘယ်နောက်ခံလူဟာ အကာအကွယ်မဲ့နေတဲ့ ဂိုးပေါက်ကို အပိုင်ပိတ်သွင်းဖို့ အသင့် ဖြစ်နေတဲ့ ဂျီယိုဗန်နီဒီလိုရန်ဇိုကို ဆွဲခဲ့မှုအတွက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဘရိုက်တန်ကစားသမားဟောင်းဟာ အစောပိုင်းတုန်းက အဝါကတ်သာ ပြသခံခဲ့ရပေမယ့် VAR ကြားဝင်လာပြီးနောက် အနီကတ်ပြောင်းလဲပြသခံရတာလည်း ဖြစ်ပါတယ်။
ယင်းမှရရှိတဲ့ ပင်နယ်တီကနေ ကီဗင်ဒီဘရိုင်းက ချေပဂိုးသွင်းယူခဲ့ပါတယ်။
ကွန်တီရဲ့ နာပိုလီဟာ တစ်ယောက်အသာဖြင့် ကစားခွင့် ရရှိကာ ချေပဂိုး ရရှိရေး ကြိုးပမ်းခဲ့ပေမဲ့လည်း ရှာမတွေ့ခဲ့ပါဘူး။
နာပိုလီဟာ ယခုရာသီ ပထမဆုံး စီးရီးအေရှုံးပွဲ ကြုံတွေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
အေစီမီလန်ဟာ နာပိုလီ၊ ရိုးမားတို့နှင့် ရမှတ် ၁၂ မှတ်တူညီကာ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လာပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ