16 ပတ် - ဘာသာပြန်ပါ။

❝စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ်ကအတိုင်း ဆက်လက်တည်ငြိမ်နေ❞

စက်တင်ဘာ ၂၉

ယခုတစ်ပတ်တာကာလဖြစ်သည့် ယနေ့ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၆၁၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်တွင် ငွေကျပ် ၆၁၃၀ ရှိခဲ့သည့် အဆိုပါ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများသည် သြဂုတ်လ ၃၁ ရက်တွင် ငွေကျပ် ၆၃၀၀ သို့ မြင့်တက်ခဲ့သလို စက်တင်ဘာ ၁ ရက်တွင် ၆၄၁၀ ကျပ်၊ စက်တင်ဘာ ၈ ရက်တွင် ၆၅၂၀ ကျပ်မှ စက်တင်ဘာ ၁၅ ရက်တွင် ၆၆၁၀ ကျပ်သို့ အသီးသီးမြင့်တက်လာခဲ့ရာ လာမည့် အောက်တိုဘာ ၅ ရက်အထိ ၆၆၁၀ ကျပ်ဖြင့် ဆက်လက်တည်ငြိမ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

#centralnewsnaypyitaw

image