◾️ဘူအာလွိုင်တိုင်ဖွန်းမုန်တိုင်းအားရင်ဆိုင်ရန်ဗီယက်နမ်ပြင်ဆင်
ပိုမိုအင်အားပြင်းထန်လာသော ဘူအာလွိုင် တိုင်ဖွန်းမုန် တိုင်း အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေစဉ် ဗီယက်နမ်၌ ယနေ့တွင် လေဆိပ်များကို ပိတ်ထားပြီး မုန်တိုင်းဒဏ်ခံရနိုင်ခြေရှိသောဒေသများမှ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ကြိုတင် ရွှေ့ပြောင်းခြင်းများလုပ်ဆောင်ထားသည်။
ယင်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကာ ရေကြီးမှုများကြီးမားကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့သည်။
လေတိုက်နှုန်း တစ်နာရီ ၈၃ မိုင် ( ၁၃၃ ကီလိုမီတာနှုန်း) ရှိသော ဘူအာလွိုင်မုန်တိုင်းသည် မူလက ခန့်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာ ရွေ့လျားနေပြီး ယနေ့ ညနေပိုင်းမှာပင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်လာနိုင်သည်ဟု ဗီယက်နမ်အမျိုးသားမိုးလေဝသဌာနက ပြောကြားသည်။
“ မုန်တိုင်းက မြန်မြန်ဆန်ဆန် ရွေ့လျားနေပါတယ်။ ပျှမ်းမျှထက် နှစ်ဆလောက် မြန်ပါတယ်။ အင်အားပြင်းပြီး သကရောက်မယ့်ဧရိယာလည်းကျယ်ပြန့်ပါတယ်။” ဟု မိုးလေသဌာနက ပြောကြားပြီး ယင်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလွှမ်းမိုးခြင်း ၊ လျှပ်တစ်ပြကရေကြီးခြင်း ၊ မြေပြိုခြင်း၊ ကမ်းရိုးတန်းများ ရေမြုပ်ခြင်း စသော သဘာဝဘေးများ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်စေနိုင်ကြောင်းလည်း ဗီယက်နမ်မိုးဇလ က သတိပေးထားသည်။
နိုင်ငံအလယ်ပိုင်း ဟာတင်းပြည်နယ်မှ အာဏာပိုင်များက လူပေါင်း ၁၅၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေကြောင်း အစိုးရကပြောကြားပြီး တပ်ဖွဲ့ဝင် ထောင်
ပေါင်းများစွာလည်း အသင့်ရှိနေသည်ဟု ဆိုသည်။
ယနေ့မှာပင် ဒါနန်းနိုင်ငံတကာလေဆိပ်အပါအဝင် ကမ်း
ရိုးတန်းဒေသမှ လေဆိပ်လေးခုကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း နှင့် လေယာဉ်ခရီးစဉ်ပေါင်းများစွာ၏ ထွက်ခွာချိန်ကိုလည်း ပြန်လည်ညှိနှိူင်းခဲ့ကြောင်း အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ က ပြောကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟူး နှင့် ကွမ်ထရီ ဒေသများတွင် ရေကြီးနေပြီဖြစ်ကြောင်း အစိုးရက ဆိုသည်။
တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားသော ဗီယက်နမ်သည် မုန်တိုင်းများဒဏ်ကို မကြာခဏခံစားရပြီး အများအပြားမှာလည်း အင်အားပြင်းထန်ကြသည်။
ယမန်နှစ်က ဝင်ရောက်ခဲ့သော ယာဂီ မုန်တိုင်းကြောင့် ဗီ
ယက်နမ်တွင် လူပေါင်း ၃၀၀ ခန့် သေဆုံးပြီး အမေရိကန်
ဒေါ်လာ ၃ ဘီလီယံကျော် ပျက်စီးဆုံးရှုံးခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း