◾️အိန္ဒိယမင်းသား၊နိုင်ငံရေးသမား ဗီဂျေး၏လူထုစုဝေးပွဲတွင်လူအုပ်ပြိုလဲ၊ အနည်းဆုံးလူ ၃၉ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ
လာမည့် နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲအ တွက် အိန္ဒိယနိုင်ငံမှ တမီလ်မင်းသားဖြစ်သူ နိုင်ငံရေး သ မား ဗီဂျေး ပြုလုပ်ခဲ့သည့် နိုင်ငံရေးစုဝေးပွဲတစ်ခုတွင် လူအုပ်ပြိုလဲမှု နှင့် တက်နင်းမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၃၉ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု တမီလ်နာဒူးပြည်နယ်အုပ်ချုပ်ရေးမှူး က ပြောကြားသည်။
ယခုအချိန်ထိ အမျိုးသား ၁၃ ဦး ၊ အမျိုးသမီး ၁၇ ဦး ၊ ယောင်္ကျားလေး ၄ ဦး ၊ မိန်းကလေး ၅ ဦး ပါဝင်သည့် လူ ၃၉ ဦး သေဆုံးခဲ့ကြောင်း နှင့် အမျိုးသား ၂၆ ဦး၊ မိန်းကလေး ၂၅ ဦး ပါဝင်သည့် လူပေါင်း ၅၁ ဦး ဆေးရုံတွင် ကုသမှုခံယူနေကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အမ်၊ကေ၊စတာလင် က ကူရားခရိုင်တွင် ပြောကြားသည်။
ယင်းခရိုင်မှာ ဗီဂျေး၏ပါတီ TVK ပါတီ မဲဆွယ်နေသော ဒေသလည်းဖြစ်သည်။
လူပေါင်း ၅၈ ဦးအား ဆေးရုံတင်ထားရကြောင်း ပြည်နယ်လွှတ်တော်အမတ် ဆန်သီးလ်ဘာလာဂျီ က ပြောကြား
သည်။
တမီလ်စကားပြောရုပ်ရှင်လောကတွင် နှစ်ပေါင်း ၃၀ နာ
မည်ကျော်ကြားခဲ့သော ဗီဂျေးက တမီလ်လာဂါဗက်ထရီကာဇာဂမ်(TVK) ပါတီအား ၂၀၂၄ ခုနှစ်တွင် စတင်တည်
ထောင်ခဲ့ပြီး ၂၀၂၆ ခုနှစ် နှစ်ဆန်းတွင် ကျင်းပမည့်ရွေး
ကောက်ပွဲတွင် ပြည်နယ်လက်ရှိအာဏာရ DMK နှင့် ဝန်
ကြီးချုပ် နာရင်ဒရာမိုဒီ၏ BJP ပါတီကိုပါ ယှဉ်ပြိုင်ရန် ပစ်မှတ်ထားနေသည်။
ဗီဂျေး မတ်တပ်ရပ် စကားပြောနေသောမဲဆွယ်ကားကြီး အနီးတွင် လူထောင်ပေါင်းများစွာ စုဝေးနေသည်ကို ဒေ
သခံမီဒီယာများက ရိုက်ကူးထားသော ဗီဒီယိုများတွင် မြင်တွေ့ရကာ လူအုပ်ကြီး ထိန်းမရဖြစ်လာချိန်တွင်လည်း ဗီဂျေးက ရဲတပ်ဖွဲ့အား အကူအညီတောင်းခဲ့သည်။
ယင်းဖြစ်ရပ်ကြောင့်ကြေကွဲရကြောင်း နှင့် မဖော်ပြနိုင်သည့် မခံစားနိုင်သော ဝမ်းနည်းနာကျင်မှုကို ခံစားနေရကြောင်း ဗီဂျေးက လူမှုကွန်ရက် X ပေါ်တွင် ရေးသားသည်။
အနီးအနား ခရိုင်များမှ ဆရာဝန် ၄၀ ကျော်ကိုလည်း ကုသမှုပေးရန် ကူရားခရိုင်တွင် အားဖြည့်ထားကြောင်း မီဒီယာများတွင် ဖော်ပြကြသည်။
ယင်းဖြစ်ရပ်အား အနားယူထားသည့် တရားသူကြီး အရူနာဂျာဂါဒီဆန် က စုံစမ်းစစ်ဆေးသွားကာ အစိုးရထံ အစီရင်ခံ
စာတင်သွင်းသွားမည်ဖြစ်ကြောင်း နှင့် အရေးယူမှုများ လုပ် ဆောင် သွားမည်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး စတာလင် က ပြောကြားသည်။
သေဆုံးသူမိသားစုများအား ရူပီး တစ်သန်းစီ ပေးအပ်သွားမည်ဟုလည်း ၎င်းက အစောပိုင်းတွင်ကြေညာခဲ့သည်။
ဗီဂျေး၏ လူထုစုဝေးပွဲများတွင် လုံခြုံရေးအရ စိုးရိမ်စရာများ ယခင်ကတည်းက ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်အောက်
တိုဘာလ က ၎င်းတို့ပါတီ ပထမဆုံး တွေ့ဆုံပွဲတွင်လည်း အနည်းဆုံး လူ ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကလည်း ကူရားဒေသမှ ဖြစ်ရပ်အတွက် ဝမ်းနည်းရကြောင်း X လူမှုကွန်ရက်တွင် ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း