ဒီဓာတ်ပုံကို သေချာကြည့်ရင် ဆင်ပိန်ညှင်းရဲ့ ရေထဲက ငါးကိုဖမ်းဖို့အတွက် သူ့ရဲ့ အာရုံစူးစိုက်မှု အပြည့်ကို တွေ့ရမယ်။ ရေမျက်နှာပြင်မှာ ဖြူဖြူလေး ပေါ်နေတာက ငါးလေးပေါ့။ သစ်ကိုင်းပေါ်ကနေ ရေထဲကိုဒိုက်ဗင်ထိုးပြီး အဲ့ဒီငါးကို ဖမ်းဖို့ သူအာရုံအပြည့်ထည့်ထားရမယ်။ အဲ့ဒါမှ သူက ဒီငါးကို မိမယ်။ အစာစားရမယ်။
ဒါပေမယ့် ဒီဓာတ်ပုံရဲ့နောက်ကို ကျော်ပြီးတွေးလိုက်ရင် ဓာတ်ပုံရိုက်တဲ့သူလည်း ဆင်ပိန်ညှင်းရဲ့ ငါးဆင်းဖမ်းတဲ့ဟန်ကို ဓာတ်ပုံရိုက်ဖို့အတွက် အာရုံစူးစိုက်မှု အပြည့်ထည့်ထားရမယ်ဆိုတာ တွေးလို့ရတယ်။ အဲ့ဒီအချိန် ဓာတ်ပုံရိုက်တဲ့သူရဲ့ စိတ်ထဲမှာ ဒီဆင်ပိန်ညှင်းငှက်ပဲ ရှိတော့တယ်။ ကျန်တာတွေ သူ့အတွေးထဲမှာ မရှိတော့ဘူး။
ဓာတ်ပုံရိုက်တဲ့အချိန်မှာ ကျနော်တို့ရဲ့ စိတ်တွေက တနေရာထဲကိုပဲ အာရုံစိုက်နေရတဲ့အတွက် တချို့ကလည်း စိတ်ငြိမ်တယ်ဆိုပြီး ပြောကျတယ်။ ဟုတ်မှာပါ။ ကျနော်လည်း အဲ့ဒီအရသာကိုပဲ စွဲလမ်းနှစ်ခြိုက်နေရတာ။