ယူနိုက်တက်ဂန္ထဝင်ဆိုးလ်ရှားရဲ့ စံချိန်ကို ရိုက်ချိုးလာတဲ့ အာလင်းဟာလန်း
စက်တင်ဘာ ၂၉
အာလင်းဟာလန်းဟာ စနေနေ့ညတုန်းက ဘန်လေအား ဂိုးပြတ်အနိုင်ရတဲ့ပွဲတွင် နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဂန္ထဝင်အိုလီဂန်းနားဆိုးလ်ရှားရဲ့ စံချိန်ကို ရိုက်ချိုးကာ သမိုင်းသစ်ရေးထိုးလာပါတယ်။
နော်ဝေဂိုးသွင်းစက်ဟာ အိမ်ကွင်းတွင် ဘန်လေအား ၅-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့သလို ဖန်တီးမှုလည်း ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဟာလန်းဟာ ယင်းပွဲမှာ သွင်းဂိုး ၂ ဂိုးကြောင့် ယခုရာသီ ပြိုင်ပွဲအရပ်ရပ် ၇ ပွဲကစားထားရာမှာ ၉ ဂိုးအထိ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။
ဟာလန်းဟာ မန်စီးတီးအတွက် ၁၅၃ ပွဲကစားထားရာမှာ သွင်းဂိုး ၁၃၃ ဂိုး ရှိလာပြီ ဖြစ်ပြီး ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူများစာရင်းမှာ အဆင့် ၉ နေရာမှာ ချိတ်လာပါတယ်။
တဖက်တွင် ဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲ ၁၀၃ ပွဲတွင် ၉၂ ဂိုးဖြင့် ပရီးမီးယားလိဂ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ နော်ဝေကစားသမားအဖြစ် ဆိုးလ်ရှားရဲ့ စံချိန်ကို ရိုက်ချိုးလာပါတယ်။
ယူနိုက်တက်ဂန္ထဝင်ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်ပွဲ ၂၃၆ ပွဲတွင် ၉၁ ဂိုးဖြင့် စံချိန်ရေးထိုးထားခဲ့တာပါ။
ဒါ့အပြင် ဟာလန်းဟာ မန်စီးတီးအတွက် အီဟီဟတ်ကွင်းတွင် ပရီးမီးယားလိဂ်ပွဲ ၅၁ ပွဲကစားထားရာမှာ ၅၂ ဂိုးအထိ သွင်းထားနိုင်ပြီး ရာဟမ်းစတာလင်းရဲ့ ၅၁ ဂိုးစံချိန်ကို ကျော်ဖြတ်လာပါတယ်။
မန်စီးတီးအတွက် အိမ်ကွင်းပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ဆာဂျီယိုအဂွဲရိုးက ၁၄၂ ပွဲတွင် ၁၀၆ ဂိုးသွင်းကာ ရေးထိုးထားပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ