4 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်အနာဂတ်အပေါ် အမိုရမ် စိုးရိမ်ခြင်း မရှိ

စက်တင်ဘာ ၂၈

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က ရှုံးပွဲ ပြန်လည်ကြုံတွေ့ကာ ခြေလှမ်းတစ်လှမ်း ပြန်ဆုတ်လာခဲ့ရပြီးနောက် နည်းပြရာထူးအနာဂတ်အပေါ် စိုးရိမ်ခြင်း မရှိကြောင်း ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၇ ရက်တုန်းက ချဲလ်ဆီးကို အနိုင်ရရှိခဲ့ပြီးနောက် စနေနေ့တွင် ဘရန့်ဖို့ဒ်အား ၃-၁ ဖြင့် ရှုံးနိမ့်ကာ အမှတ်ပေးဇယားအောက်ပိုင်းသို့ ပြန်ဆင်းလာရပါတယ်။

ယူနိုက်တက်ဟာ အမိုရမ်လက်ထက် ပရီးမီးယားလိဂ်ပွဲ ၃၃ ပွဲတွင် ၃၃ မှတ်တည်းသာ ရရှိထားပြီး ၂ ပွဲဆက် နိုင်ပွဲ ရရှိထားခြင်း မရှိသေးပါဘူး။

အမိုရမ်က "ကျွန်တော့်အလုပ်အတွက် ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဖူးပါဘူး။ အဲဒီလူစားထဲမှာ မပါဘူး။ ကျွန်တော့်ဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ ဒီမှာ ရှိတဲ့ မိနစ်တိုင်း အကောင်းဆုံးလုပ်သွားမယ်"လို့ ပြောကြားသွားပါတယ်။

အမိုရမ်ဟာ ယူနိုက်တက်သို့ ရောက်လာပြီးနောက် ၃-၄-၂-၁ ကစားကွက်ကို အစဉ်တစိုက် အသုံးပြုကာ ကစားသမားများနှင့် သင့်လျော်မယ့် နည်းဗျူဟာအား ပြောင်းလဲ အသုံးပြုရန် ငြင်းဆိုလာခဲ့သူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မနေ့ညတုန်းက ဘရန့်ဖို့ဒ်အား ရှုံးနိမ့်ပြီးနောက် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်အဝေးကွင်း ၈ ပွဲဆက် နိုင်ပွဲပျောက်ကာ အဝေးကွင်းရလဒ်အဆိုးဆုံးကြုံနေရပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image