ပဲလေ့စ်ရှုံးပွဲအတွက် လီဗာပူးကစားသမားတစ်ဦးကိုသာ အန်းဆလော့အပြစ်မြင်

လီဗာပူးနည်းပြအန်းဆလော့ဟာ စနေနေ့တုန်းက ခရစ္စတယ်ပဲလေ့စ်အား ရှုံးနိမ့်ပြီးနောက် လီဗာပူးစတားတစ်ဦးတည်းကိုသာ အပြစ်တင်လာပါတယ်။

လီဗာပူးဟာ Selhurst Park ရှုံးပွဲကြောင့် ယခုရာသီ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ် အဖွင့်ပွဲ ၇ ပွဲဆက်တိုက် အနိုင်ရထားပြီး ပရီးမီးယားလိဂ်တွင်လည်း ၅ ပွဲဆက် နိုင်ပွဲ ရထားပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ပွဲအစပိုင်းတွင် လီဗာပူးကို လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၉ မိနစ်တွင် အစ္စမိုင်လာဆားရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ယင်းဂိုးကို ၈၇ မိနစ်တွင် ချီယေဆာက ချေပခဲ့ပေမဲ့လည်း အချိန်ပို ၉၇ မိနစ်တွင် အက်ဒီအန်ကီတီယာက အဝေးလက်ပစ်ဘောမှ တဆင့် ပဲလေ့စ်အတွက် အနိုင်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။

ပွဲအပြီးတွင် ဆလော့က "ခံစစ်ကစားပုံကိုပဲ အပြစ်တင်စရာ ရှိတယ်။ ကျွန်တော်တို့ ကစားသမားတွေထဲက တစ်ဦးက တန်ပြန်တိုက်စစ်ကစားချင်ခဲ့တယ်။ ဒါပေမဲ့ အချိန်မရှိတော့ဘူး။ ခံစစ်ကြောင့်ပါ။ အခုအချိန်မှာ ကစားသမားတစ်ဦးက အရမ်းတိုက်စစ်အားသန်နေတယ်။ ဒါကြောင့်လည်း အနိုင်ဂိုးပေးလိုက်ရပြီး ရှုံ့းသွားတာ"လို့ ပြောကြားသွားပါတယ်။

လီဗာပူးနည်းပြအန်းဆလော့အား ဖရမ်းပေါင်ကို ရည်ရွယ် ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ဒတ်ချ်လူမျိုးနည်းပြက လီဗာပူးအသင်းမှာ ပြိုင်ဘက်အသင်းရဲ့ Set-Piece များကို ကာကွယ်ရန် ရုန်းကန်နေရကြောင်းလည်း ဝန်ခံပြောကြားသွားပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image