4 ပတ် - ဘာသာပြန်ပါ။

❝သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြားရှိ ရထားသံလမ်းကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီး❞

စက်တင်ဘာ ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား၊ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းပေါ်ရှိ မိုင်တိုင်အမှတ် ၁၂၁/၂၀-၂၁ ကြား ရထားသံလမ်းကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က စက်တင်ဘာ ၂၆ ရက်၊ ည ၈ နာရီခွဲအချိန်ခန့်တွင် မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

ယင်းဖြစ်စဥ်ကြောင့် အရှေ့ဘက် ရထားသံလမ်းမှာ (၁)ပေခွဲခန့် ပြတ်တောက်ခဲ့သည့်အပြင် ယင်းနေရာနှင့် ၃ ပေခန့်အကွာနေရာတွင်လည်း သံလမ်းဖိနပ်(၁)ပေခွဲခန့် ပြတ်ထွက်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီးသဖြင့် ရထားခရီးစဥ်အချို့ကို ယာယီပိတ်ထားခဲ့ရသည်။

ပျက်စီးသွားသော ရထားသံလမ်းကို မြန်မာ့မီးရထား ဝန်ထမ်းများက စက်တင်ဘာ ၂၇ ရက်၊ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်မှ စတင်ပြုပြင်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင်ပြုပြင်ပြီးစီးသဖြင့် သိမ်ဆိပ်-ဒုံဝန်း ရထားလမ်းပိုင်းကို နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage
+8