မဲဆောက် အကောက်ခွန်ဂိတ်မှာ ကြက်သွန်နီ ၆၀၀ ကီလိုဂရမ်ကို အခွန်ရှောင်ခိုးသွင်းတဲ့ မြန်မာနိုင်ငံသား အဖမ်းခံရ

စက်တင်ဘာ ၂၈

ထိုင်းနိုင်ငံ၊ မဲဆောက်အကောက်ခွန်ဂိတ်မှာ ကြက်သွန်နီ ကီလိုဂရမ် ၆၀၀ ကျော်ကို အခွန်ရှောင် ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ဒီမနက် ဖမ်းမိခဲ့ပါတယ်။

​မဲဆောက် အကောက်ခွန်ဂိတ်က တာဝန်ရှိသူတွေဟာ အမှတ် (၃၅) နယ်ခြားစောင့်တပ်အထူးတပ်ဖွဲ့နဲ့ မဲဆောက် စက်ရုံစစ်ဆေးရေးဂိတ် တာဝန်ရှိသူတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါးဥပဒေ၊ နိုင်ငံခြားသား အလုပ်သမားဥပဒေ၊ စစ်လက်နက် ပစ္စည်းဥပဒေ၊ အကောက်ခွန်ဥပဒေနဲ့ အခြားသော ဥပဒေတွေအရ မှားယွင်းစွာ ပြုမူဆောင်ရွက်ခြင်းများစွာကို ကာကွယ်တားဆီးဖို့အတွက် နယ်စပ်တစ်လျှောက် လှည့်ကင်းစောင့်ကြည့်ခဲ့ချိန် တက်ခ်ပြည်နယ်၊ သာ့ဆောင်ယန်းမြို့နယ်၊ မယ်ဆောင်ခရိုင်၊ အမှတ် (၂) မယ်စလစ်လောင်ကျေးရွာရှိ မယ်နမ်မိုယေ (မယ်ရေနဒီ) ကမ်းနားရှိ ဆိပ်ကမ်းနေရာသို့ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား အလီဆိုသူကို မော်တော်ယာဉ်တစ်စီးနဲ့အတူ တွေ့ရှိခဲ့ပါတယ်။

ကားကို စစ်ဆေးကြည့်ရှုရာမှာ ကားနောက်ခန်းထဲ လယ်ယာထွက်ကုန် ကြက်သွန်နီ အိတ်ပေါင်း ၄၀ အိတ်၊ စုစုပေါင်း အလေးချိန် ၆၀၀ ကီလိုဂရမ် (၃၆၃ ပိဿာကျော်) ကို တင်ဆောင်ထားတာကို တွေ့ရှိရလို့ စစ်ဆေးမေးမြန်းရာမှာ အလီက မြန်မာနိုင်ငံဘက်ခြမ်းကနေ တရားမဝင် သယ်ဆောင်လာပြီး တက်ခ်ပြည်နယ်၊ သာ့ဆောင်ယန်းမြို့နယ်ကို ပို့ဆောင်ဖို့ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဒါ့ကြောင့် လုံခြုံရေးပူးပေါင်းအဖွဲ့က ဥပဒေချိုးဖောက်သူမြန်မာနိုင်ငံသားနဲ့ သက်သေခံပစ္စည်းတွေဖြစ်တဲ့ လယ်ယာထွက်ကုန် (ကြက်သွန်နီ) ၆၀၀ ကီလိုဂရမ်၊ မော်တော်ယာဉ် တစ်စီးကို မဲဆောက် အကောက်ခွန်နဲ့ စက်ရုံစစ်ဆေးရေးဂိတ် တာဝန်ရှိသူတွေထံ ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်နိုင်ဖို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Ref, AEC

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image