📌 ဗိုက်ဆာပြီး အန်ခြင်း သို့မဟုတ် သည်းခြေရည်ကြောင့် အန်ခြင် (Bilious Vomiting Syndrome - BVS) ကြောင့်လို့ ယူဆရရင်၊ အောက်ပါနည်းလမ်းလေးတွေက သက်သာစေနိုင်ပါတယ်။
အိမ်တွင် စမ်းသပ်ကြည့်နိုင်သော လမ်းညွှန်ချက်များ (တိဆရာဝန်နှင့် တိုင်ပင်ပြီးမှ)
➡️ အစာစားချိန် ခွဲကျွေးပါ။
တစ်နေ့တာလုံး အစာအိမ်ကို အကြာကြီး ဗလာမထားဘဲ၊ အစာကို အကြိမ်ရေ ပိုများပြီး အစာပမာဏ အနည်းငယ်စီ ခွဲကျွေးပါ။
➡️ ညစာနောက်ကျပြီး ကျွေးပါ။
ညဘက်နောက်ကျပြီးကျွေးတာ ဒါမှမဟုတ် မအိပ်ခင် အစာပမာဏ အနည်းငယ် (ဥပမာ- မုန့် သို့မဟုတ် အစာခြောက် အနည်းငယ်) ကျွေးတာက အစာအိမ်ကို ဗလာမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
ဒါပေမယ့် သင့်ခွေးလေးက အောက်ပါ လက္ခဏာတွေ တွေ့ရရင်တော့ ချက်ချင်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
💬 အန်တာ တစ်ရက်ထက် ပိုပြီး မရပ်မနား ဖြစ်နေမယ်ဆိုရင်။
💬 အန်တာအပြင် ဝမ်းလျှောတာ၊ အားနည်းတာ၊ မလှုပ်မရှား ဖြစ်နေတာတွေ တွဲပါလာရင်။
💬 ဗိုက်ဖောင်းလာတာ ဒါမှမဟုတ် ဗိုက်ကို ကိုင်ရင် နာကျင်မှု ပြလာရင်။
💬 ဘာကိုမှ မစား/မသောက် တော့ဘူးဆိုရင်။
ဒါဆိုရင်တော့ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် ဆွေးနွေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။