" မြောက်ဥက္ကလာပ အဝိုင်းနားမှာ ပန်းရောင်းပြီး ဘဝကို ရုန်းကန်နေရတဲ့ အဖွား ဒေါ်တင်တင်ရွှေ ဟာ သားနဲ့ချွေးမ မိသားစု အေးချမ်းစေဖို့ဆိုတဲ့ စေတနာသက်သက်နဲ့ သားအိမ်ကို ၄ နှစ်နီးပါး မသွားဘဲ ရှောင်နေပါတယ်။ စိတ်အမောနဲ့အတူ လက်ရှိမှာ အဖွားမှာ ကျပ် ၁၀ သိန်း အကြွေး ရှိနေပြီး၊ အဲဒီအကြွေးအတွက် နေ့စဉ် ၁၅,၀၀၀ ကျပ် မတ်တိုး ပေးဆပ်နေရတာကြောင့် ဘဝက ပိုပြီး ဖိစီးနေပါတယ်။ ပန်းရောင်းလို့ရတဲ့ ငွေက အတိုးပေးရုံနဲ့ ပြည့်လုနီးပါး ဖြစ်နေတာမို့၊ ဒီလို နေ့စဉ်ဝန်ထုပ်ကြီး သက်သာစေဖို့အတွက် စာနာစိတ်ရှိသူများအနေနဲ့ အတိုးပေးစနစ်ကို "လစဉ်အတိုး" (လတိုး) စနစ်အဖြစ် ပြောင်းလဲပေးနိုင်မယ့် အကူအညီကို အဖွားက မျှော်လင့်တောင်းဆိုနေပါတယ်။ "
....ပန်းသည်အဖွား ဒေါ်တင်တင်ရွှေ၏ ရင်တွင်းစကား