ကိုယ့်ကိုကိုယ် အကောင်းမြင်စိတ်မွေးပါ🍀
လူတိုင်းကပြောကြတယ်.......
အကောင်းမြင်စိတ်လေးထားကြပါ တဲ့
အကောင်းမြင်စိတ်ဆိုတာ သူတစ်ပါးအပေါ်ထားရတာလွယ်ကူသလောက် ကိုယ့်ကိုကိုယ်အကောင်းမြင်ဖို့အတွက်ကျ ခဲယဥ်းလွန်းပါတယ်
✔ကိုယ့်ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်တိုင်းမကျတာ
✔ကိုယ့်အလုပ်ကို အားမရတာ
✔ကိုယ့်ဖြစ်တည်မှုကို မကျေနပ်တာ
✔ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာ
ဒါတွေကစပြီး ကိုယ့်ကိုကိုယ် အကောင်းမမြင်ဘူး ဖြစ်တတ်ကြပါတယ်။
အဲလိုအတွေးတွေဝင်နေရင်တော့ ချက်ချင်း ဖျောက်ဖျက်ပစ်နိုင်အောင်ကြိုးစားပြီး
📣ငါဒါကိုလုပ်နိုင်တယ် ငါလည်းဖြစ်နိုင်တယ်ဆိုတဲ့အတွေးကို တွေးထားပါ
တစ်ခုခုလုပ်ပြီးတိုင်းလည်း တော်လိုက်တာ လိမ္မာလိုက်တာ စသဖြင့် ကိုယ့်ကိုကိုယ် ပြန်ချီးကျူးလိုက်ပါ👏🏻
ဥပမာ-ကိုယ်က ယောဂ စကျင့်ပြီ ဆိုပါစို့.....
သူများတွေလုပ်နိုင်တဲ့ Pose ကို ကိုယ်က မလုပ်နိုင်ဘူးဆိုရင် ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး မကျေမနပ်ဖြစ်မနေပဲ
ငါလုပ်နိုင်ပါတယ် ဖြစ်သွားမှာပါ ဆိုတဲ့ အတွေးနဲ့
ဖြည်းဖြည်းချင်း ကျင့်တဲ့အခါ နောက်ဆုံး လုပ်နိုင်သွားတာပါပဲ
နောက်ဆို ယောဂကျင့်ရတာဟာ ကိုယ့်အတွက် လွယ်ကူလာပါလိမ့်မယ်😇😇
တခြားနယ်ပယ် တခြားအလုပ်တွေမှာလည်း ဒီလိုပါပဲ။မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူး ငါညံ့ပါတယ်ဆိုတဲ့ အတွေးတွေကို ခေါင်းထဲက ဖယ်ထုတ်ပြီး ကိုယ့်ကိုယ်ကို အကောင်းမြင်စိတ်လေးနဲ့ အကောင်းဆုံးလုပ်ဆောင်သွားတဲ့အခါ ဘဝကြီးက ကျေနပ်စရာအရမ်းကောင်းသွားမှာပါ🤗🤗
ဒီနေ့ကစပြီး ကိုယ့်ကိုကိုယ်အကောင်းမြင်ရင်းရှေ့ဆက်ကြဦးစို့နော် 😘😘
#newgoldyoga
#အကောင်းမြင်စိတ်
#yoga

Credit

image