5 w - Translate

၁၅၁၈ ခုနှစ် ဇူလိုင်လတုန်းက ဖရောတရော့ဖီယာ (Frau Troffea) လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ စထရာ့စ်ဘာ့ဂ်မြို့ရဲ့ လမ်းမပေါ်ကို ရုတ်တရက် ထွက်လာပြီး ဂီတသံစဉ်မပါဘဲ ကခုန်ခဲ့ပါတယ် သူမဟာ ၆ ရက်လုံးလုံး အဆက်မပြတ် ကခဲ့ပြီး ဘာကြောင့်ကနေလဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး
သူမရဲ့ ဒီလို ထူးဆန်းတဲ့ အပြုအမူကို မြင်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာဘဲ တခြားသူတွေပါ လိုက်ပါ ကခုန်လာကြပါတယ် ပထမတော့ လူ ၃၀ လောက်သာ ရှိခဲ့ပေမယ့် တစ်လအတွင်းမှာပဲ လူ ၄၀၀ ကျော် အထိ တိုးလာခဲ့ပါတယ် သူတို့ဟာ နားမလည်နိုင်လောက်အောင် စိတ်လှုပ်ရှားစွာနဲ့ ကခဲ့ကြပြီး လဲကျတာမျိုး၊ အိပ်တာမျိုးမရှိဘဲ ကခဲ့ကြတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်
တဖြည်းဖြည်းနဲ့ လူတွေဟာ ပိုများလာပြီး အဆက်မပြတ် ကခုန်လာကြပါတယ် နေ့စဉ် လူ ၁၅ ဦး လောက်ဟာ နှလုံးရောဂါဖောက်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း (stroke) နဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့ကြောင့် ေxသဆုံးခဲ့ရပါတယ်
နောက်ဆုံးမှာတော့ အာဏာပိုင်တွေဟာ ကခုန်ခြင်းကို တားမြစ်ခဲ့ပါတယ် ကခုန်နေတဲ့သူတွေကိုလည်း ဘုရားကျောင်းတစ်ကျောင်းဆီကို ခေါ်သွားပြီး ဆေးဝါးကုသမှုတွေပေးကာ အတင်းအကျပ် နားခိုင်းခဲ့ပါတယ်
ဒီလိုဖြစ်ရခြင်းနဲ့ပတ်သက်လို့ သီအိုရီနှစ်ခု ထွက်ပေါ်လာခဲ့ပါတယ်
- Mass Hysteria (အစုလိုက်အပြုံလိုက် စိတ်ခြောက်ခြားမှု)
သမိုင်းပညာရှင်တွေနဲ့ ဆေးပညာရှင်အများစုက ဒီသီအိုရီကို လက်ခံကြပါတယ် အဲဒီခေတ်က စထရာ့စ်ဘာ့ဂ်မြို့မှာ အစာငတ်မွတ်မှု၊ ရောဂါဘယနဲ့ ဆင်းရဲမွဲတေမှုတွေ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် လူတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ အလွန်များပြားနေခဲ့ပါတယ် ဒီစိတ်ဖိစီးမှုတွေကြောင့် အစုလိုက်အပြုံလိုက် စိတ်ခြောက်ခြားမှု ဖြစ်ပွားပြီး ကခုန်တဲ့ ပုံစံမျိုးနဲ့ ပြင်ပကို ထွက်ပေါ်လာခဲ့တယ်လို့ ယူဆကြပါတယ်
- Ergot Poisoning (အာဂေါ့ အဆိပ်သင့်ခြင်း)
ဒီသီအိုရီအရ မိုးစပါး၊ ဂျုံစပါးတွေပေါ်မှာ ပေါက်ရောက်တတ်တဲ့ မှိုတစ်မျိုးဖြစ်တဲ့ Ergot မှိုဟာ အဆိပ်သင့်စေနိုင်ပါတယ် ဒီမှိုဟာ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတဲ့အခါ အတက်ရောဂါ၊ ကြွက်တက်တာ၊ အမြင်မှားယွင်းတာနဲ့ စိတ်ကယောင်ခြောက်ခြားဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ် ဒါပေမဲ့ က တဲ့သူတွေမှာ အမြင်မှားယွင်းတဲ့ လက္ခဏာမျိုး သေချာတိကျစွာ မတွေ့ရတဲ့အတွက် ဒီသီအိုရီကို သံသယရှိသူတွေလည်း ရှိပါတယ်
ဒီဖြစ်ရပ်ဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒီနေ့အချိန်ထိ အတိအကျ မသိရသေးဘဲ သမိုင်းတစ်လျှောက်မှာ အဆန်းကြယ်ဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး လျှို့ဝှက်ချက်တွေထဲက တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image