10 ပတ် - ဘာသာပြန်ပါ။

သွေးစုနာ အဖုကြိတ်နာ ကင်းကိုက် အဖျားနာများဖြစ်လျှင် ကုသအသုံးပြုနိုင်သော ဘီးပင် ခေါ်
ဘောက်ခွေးပင်
မြန်မာနိုင်ငံအနှံ့အပြားမှာ သဘာဝအတိုင်း ပေါက်ရောက်တဲ့ ဘီးပင် (ဘောက်ခွေးပင်) ဟာ ရောဂါအမျိုးမျိုးအတွက် အသုံးပြုနိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ အချို့ဒေသတွေမှာတော့ ဘောက်ခွေးပင် ဒါမှမဟုတ် အိုးပလောင်ပင် လို့လည်း ခေါ်ဝေါ်ကြပါတယ်။
ဒီအပင်မှာ ပင်စည်၊ အရွက်၊ အပွင့်၊ အသီးနဲ့ အမြစ်တို့ အပါအဝင် အပင်ရဲ့ အစိတ်အပိုင်းငါးမျိုးလုံးကို ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အရသာကတော့ ခါးပြီး စပ်တဲ့အရသာ ရှိပါတယ်။ အအေးဓာတ်ရှိပြီး လေထိုးလေအောင့်ရောဂါ၊ အဖုအကျိတ်နာတွေ၊ ပိုးရောဂါ၊ အဖျားရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
ရောဂါအလိုက် #အသုံးပြုနည်းများ
• သွေးစုနာနဲ့ အဖုအကျိတ်နာများအတွက်
အပင်ရဲ့ အရွက်နုတွေကို ညက်နေအောင် ကြိတ်ပြီး အဖုအကျိတ်ပေါ်မှာ အုံပေးပါ။ ပြီးနောက် အဝတ်နဲ့အုပ်ပြီး ရေအေးအေးလေးနဲ့ ခဏခဏ ဆွတ်ပေးပါ။ အဖုအကျိတ်က မရင့်သေးဘူးဆိုရင် ကျုံ့သွားစေပြီး ရင့်နေရင်တော့ မြန်မြန် ပေါက်စေပါတယ်။
• ကင်းကိုက်တဲ့အခါ အဆိပ်ဖြေရန်
အပင်ရဲ့ အမြစ်ကို ကြိတ်ပြီး အဆိပ်ရှိတဲ့နေရာကို လိမ်းပေးရင် အဆိပ်ပြေစေပါတယ်။
• အဖျားဖြတ်ရန်
အပင်ရဲ့ အမြစ်ကို ချင်း (ဂျင်း) ပြုတ်ရည်နဲ့ သောက်ပေးမယ်ဆိုရင် အအေးမိဖျားနာတာ၊ အပူကြီးဖျားနာတာလိုမျိုး အဖျားတွေကို ၃-၄ ရက်အတွင်း ပျောက်ကင်းစေနိုင်ပါတယ်။
• လေးဘက်နာ ရောဂါအတွက်
အပင်ရဲ့ အမြစ်ကို သွေးပြီး လိမ်းပေးမယ်ဆိုရင် လေးဘက်နာရောဂါကို ပျောက်ကင်းစေတယ်လို့လည်း သိရပါတယ်။
ဘီးပင်ဟာ အခြားရောဂါတွေအတွက်လည်း အသုံးဝင်နိုင်ပါသေးတယ်။ လူသားအားလုံး အနာရောဂါကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

image