10 ပတ် - ဘာသာပြန်ပါ။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လာဘ်ကောင်အရုပ်ကို ဖီဖာ မိတ်ဆက်ပြသ
၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်အထိ နိုင်ငံပေါင်း ၃ နိုင်ငံရဲ့ မြို့ပေါင်း ၁၆ မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လာဘ်ကောင်အရုပ်တွေကို ဖီဖာက မိတ်ဆက်ပြသလိုက်ပါပြီ။
အမေရိကန်နိုင်ငံက အဓိကအိမ်ရှင်အဖြစ် တာဝန်ယူပြီး ကနေဒါ၊ မက္ကဆီကိုနိုင်ငံတွေနဲ့ ပူးပေါင်းကျင်းပတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းပေါင်း ၄၈ သင်းအထိ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပွဲစဉ်ပေါင်း ၁၀၄ ပွဲ ကစားကြမှာ ဖြစ်ပါတယ်။
အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ အစဉ်အလာကို ကိုယ်စားပြုတဲ့ အနေနဲ့ လာဘ်ကောင်အရုပ်တွေ ပုံဖော်ဖန်တီးထားတာဖြစ်ပြီး လင်းယုန်ငှက် ကလက်ချ်က အမေရိကန်နိုင်ငံ ကိုယ်စားပြု၊ မု့စ်သမင် မာပယ်က ကနေဒါနိုင်ငံ ကိုယ်စားပြု၊ ဂျာဂွာကျားသစ် ဇာယုကတော့ မက္ကဆီကိုနိုင်ငံ ကိုယ်စားပြု ဖြစ်ပါတယ်။
မာပယ်၊ ဇာယုနဲ့ ကလက်ချ်ဟာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သင်္ကေတအတိုင်း ပျော်ရွှင်ခြင်း၊ အင်အားရှိခြင်း၊ စည်းလုံးခြင်း သရုပ်သကန်ကို ပုံဖော်ထားတာဖြစ်တယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက ဆိုပါတယ်။
Ref: Meet Clutch, Maple and Zayu, the cute mascots set to star at FIFA’s 2026 World Cup

image