5 ပတ် - ဘာသာပြန်ပါ။

ဒီနေ့တော့ စောစောစီးစီးပဲ ချက်လို့ပြီးစီးသွားပြီ ဝက်သားဆီပြန်ချက်လေး ချက်တယ်ရှင့်👩🏻‍🍳🥣
#ဝက်သားချက်နည်း
ရေဆေးသန့်စင်ထားတဲ့ ဝက်သားလေးတွေကို အရသာနဲ့ဆနွင်းအနည်းငယ်၊ပဲငံပြာရည်အနောက်လေး နည်းနည်းထည့်နယ်ပါတယ်၊နာရီဝက်ခန့်လောက် နှပ်ထားပြီးမှ ဂျင်း၊ကြက်သွန်ဖြူနီ၊ငရုတ်သီးတို့ကို ဆီသတ်ပြီး အရသာနယ်ထားတဲ့ဝက်သားလေးတွေ ထည့်ချက်၊ဝက်သားမှာပါတဲ့ အရည်လေးတွေခမ်းပြီး တင်းလာပြီဆိုမှ ရေထည့်ပါတယ်၊နူးပြီးဆီပြန်လာပြီဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ ဝက်သားဆီပြန်ချက်လေး ရပါပြီရှင့်👩🏻‍🍳🥣
#ဝက်သားဆီပြန်
#cooking
#food

Credit to owner

imageimage