ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ် ဂီတဖျော်ဖြေပွဲနှင့်MSME ဈေးရောင်းပွဲတော်ကို (၄)ရက်တိုင်တိုင် ကျင်းပသွားမည်
စက်တင်ဘာ ၂၆
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ် ဂီတဖျော်ဖြေပွဲနှင့်MSME ဈေးရောင်းပွဲတော်ကို လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြီးခဲ့သည့် စက်တင်ဘာ (၂၄) ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ (၃) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်ကို ဂီတဖျော်ဖြေပွဲဖြင့် တွဲဖက်၍ လာမည့် အောက်တိုဘာလ (၄) ရက်မှ အောက်တိုဘာလ (၇) ရက်အထိ လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဈေးရောင်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်ခြင်းနှင့် ဈေးကွက်များချိတ်ဆက်ပေးခြင်း စသည့်အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် MSME ထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိရေးနှင့် MSME လုပ်ငန်းများ ခေတ်နှင့်အညီ Digital စနစ်တွင် လိုက်ပါဆောင်ရွက်နိုင်ရေးတို့ကိုအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။
Credit - NP News Agency
#centralnewsnaypyitaw
