10 ပတ် - ဘာသာပြန်ပါ။

ချစ်တဲ့သူဟာတော့ ချစ်နေမှာပါပဲ တဲ့ ။
ဒီစကားလေးနဲ့ အကျွမ်းတဝင်ရှိကြမယ်ထင်ပါတယ်။
တကယ်လက်တွေ့မှာလည်း
ချစ်တဲ့သူက အကြောင်းပြချက်တွေမရှိဘဲ
ကိုယ်ဘယ်လိုပဲဖြစ်ဖြစ် ဆက်ပြီးရွေးချယ်နေမှာလေ။
လုပ်ယူထားစရာမလိုဘဲ
ကိုယိ့ရဲ့ ဖြစ်တည်မှုအတိုင်း တန်ဖိုးထားပေးမယ့်
အချစ်ရဆုံးသူစိမ်းလေးတစ်ဦးပေါ့လေ။
မချစ်တဲ့သူဆိုတာ…
ကိုယ်ဘယ်လောက်ပဲ ကြိုးစားနေပါစေ
ကိုယ့်ကိုအသိအမှတ်ပြုမှာမဟုတ်သလို
ချစ်တဲ့သူဆီကျတော့လည်း
ကိုယ့်ရဲ့ဘာမှမကြိုးစားထားတဲ့
နဂိုမူလလေးကိုပဲ လက်ခံပေးပြန်တယ်။
ချစ်ခြင်းမေတ္တာဟာ …
လုပ်ယူခြင်းတွေမဟုတ်ဘူး။
ကိုယ့်ကိုယ်ရွေးချယ်မယ့်သူဆိုက
နောင်ဆုံးထွက်သက်ထိ
ကိုယ့်လက်ကလေးကို မြဲစွာ
ဆုပ်ကိုင်ထားမယ်ဆိုတာအသေချာပါပဲ ။
လူရွေးမှန်သွားတဲ့အခါ
ဘဝတစ်ခုလုံးမှာ အဲ့ဒီလူကြောင့်ပဲ
ထပ်ခါတလဲလဲ ပျော်ရွှင်သွားကြရတာပဲမဟုတ်လား။
ဘယ်လိုပဲဖြစ်ဖြစ်
ချစ်တဲ့သူဟာတော့ ချစ်နေမှာပါပဲ …

image