10 ပတ် - ဘာသာပြန်ပါ။

သုတ (non-fiction) စာအုပ်ဖတ်ရတာ မကြိုက်ဘူး၊ ရသ (fiction) ပိုင်းပဲဖတ်ရတာ အားသန်တယ်ဆိုတဲ့သူတွေအတွက် သုတစာအုပ်ကောင်းလေး ညွှန်းပေးချင်တယ်။
ဘဝမှာ သုတစာအုပ် ဒီတစ်အုပ်ပဲဖတ်ရင်တောင် လုံလောက်ပြီလို့ ခံစားရစေတယ်။
ဒီထဲက အလေ့အကျင့်ခုနှစ်ခုလုံးပဲဖြစ်ဖြစ် တစ်ခုနှစ်ခုပဲဖြစ်ဖြစ် လက်တွေ့ဘဝမှာ ကျင့်သုံးဖြစ်ရင်ကောင်းတာပေါ့။
အချို့ သုတ (non-fiction) စာအုပ်တွေက ဒဏ်ရာကိုဆေးအရင်မကုပဲ အနာကပ်ပလာစတာပဲကပ်ပေးလိုက်သလို အပေါ်ယံပဲကုပေးတဲ့ စာအုပ်တွေ အများကြီးဖတ်ခဲ့ဖူးတယ်။
ဒီစာအုပ်လေးကတော့ ဒဏ်ရာကိုဆေးလည်း ထည့်ပေးတယ်၊ အနာကျက်တဲ့အထိလည်း ကုပေးတယ်လို့ ခံစားရတယ်။
သုတ (non-fiction) စာအုပ်တော်တော်များများ ရုပ်ပိုင်း (physical well-being) ကို ဦးစားပေးတာများပေမယ့် ဒီစာအုပ်လေးကတော့ ရုပ်ပိုင်း (physica well-being) ရော စိတ်ပိုင်း (emotional well-being) ရောကို အတွင်းကျကျအထိ တိုးတက်အောင် လုပ်ပေးတယ်။
highly recommended🤩🥰📚
#sevenhabits #sevenhabitsofhiglyeffectivepeople #stephencovey #stephencoveywisdom
#bookrecommendationbyemerald
#5starread #nonfiction #englishbooks
#booktok #books #reading.

Credit to owner

image