မနက်စာ Breakfast ကြက်ဥခေါက်ဆွဲကြော် စားကြပါအုံးရှင့်👩🏻‍🍳🍝
အိမ်မှာ အလွယ်တကူပဲကြော်စားလိုက်တယ်။
#ခေါက်ဆွဲကြော်နည်း
ခေါက်ဆွဲလေးတွေကို ပြုတ်ပြီး ရေစစ်ထားပြီးရင် အရသာမှုန့်၊ပဲငံပြာရည်အကြည်၊အနောက်၊ခရုဆီတို့နှင့်နယ်ထားပေးပါတယ်၊ဆီပူပူထဲကို ကြက်ဥလေး အရင်ဆုံးထည့်ကြော်ပြီးမှ ကြက်သွန်နီဖြူအနည်းငယ်နှင့် အစာပလာဖြစ်တဲ့ ဂေါ်ဖီ၊ပဲသီးတို့ထည့်ကြော်ပါတယ်၊အရသာထည့်ပြီ အနေတော်လောက်ဆိုရင် အရသာနယ်ထားတဲ့ ခေါက်ဆွဲများထည့်ကြော်ပါတယ်၊ကိုယ်စားချင်တဲ့အနေထားထိရောက်အောင်ကြော်ပြီး အရသာအဆင်ပြေပြီဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ ခေါက်ဆွဲကြော်လေးရပါပြီရှင့်။ဒီနည်းလမ်းလေးကတော့ အိမ်မှာ ကြော်စားဖြစ်တဲ့ နည်းလေးကိုမျှဝေပေးတာ ဖြစ်ပါတယ်ရှင့်🥰
#ခေါက်ဆွဲကြော်
#noodles

image