ဝမ် ၁၄.၂ ဘီလီယျံတန် ဇိမ်ခံအိမ်တစ်လုံး ဝယ်လိုက်တဲ့ BTS အဖွဲ့ဝင် V

စက်တင်ဘာ ၂၆

တောင်ကိုရီးယား အမျိုးသား K Pop အဖွဲ့ BTS ရဲ့အဖွဲ့ဝင် V (အမည်ရင်း ကင်ထယ်ဟွမ်) ဟာ တောင်ကိုရီးယား၊ ဆိုးလ်မြို့၊ ဂန်းနမ်းမှာ ဝမ် ၁၄.၂ ဘီလီလျံတန် ဇိမ်ခံအိမ်တစ်လုံးကို ငွေသားလက်ငင်း ပေးချေ ကာ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြံမြေမှတ်ပုံတင်အရ စက်တင်ဘာ ၁၇ ရက်က ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခန်းရဲ့ သီးသန့်ဧရိယာဟာ ၂၇၃.၉၆㎡ (ခန့်မှန်းခြေ၂,၉၅၁ စတုရန်းပေ) ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၃ ခန်း ပါဝင်တယ်လို့ သိရပါတယ်။ ကနဦးရောင်းချမှုသဘောတူညီချက်ကို မေလအစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး စက်တင်ဘာ ၁၇ ရက်မှာ ငွေသားအပြည့်ပေးချေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီအိမ်ခြံမြေအဝန်းအဝိုင်းဟာ “The Penthouse Cheongdam" လို့ လူသိများပါတယ်။

အဲဒီအိမ်ခြံမြေအဝန်းအဝိုင်းမှာ သရုပ်ဆောင် ဂျန်ဒုန်ဂန်၊ ဂိုဆိုယောင်း၊ ဂေါက်ရိုက်အားကစားသမား ပက်ခ်အင်ဘီ၊ သရုပ်ဆောင် ဟွမ်ဝူဂျင်း တို့လို ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေ နေထိုင်ရာနေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image