10 ပတ် - ဘာသာပြန်ပါ။

UEC ရုံးခွဲများအတွက် ဒုဦးစီးမှူးရာထူးနေရာ (၄၀)ကျော် ခေါ်ယူ

စက်တင်ဘာ ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး (UEC) ၏ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ကော်မရှင်အဖွဲ့ခွဲ ရုံးများအတွက် ဒုတိယဦးစီးမှူးရာထူးနေရာ (၄၀) ကျော် ခေါ်ယူနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

အထက်ပါကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယဦးစီးမှူးရာထူး (၄၂) နေရာအတွက် လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရန် လိုအပ်ကာ နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ထို့ပြင် လျှောက်ထားသူသည် လာမည့်စက်တင်ဘာလ (၃၀) ရက်တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရပြီး အခြားဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ကာ အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလျှောက်လွှာများကို ကော်မရှင်ရုံး၏ Website ၌ ရယူနိုင်သည့်အပြင် နီးစပ်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များတွင်ပါ ရယူနိုင်ပြီး လျှောက်လွှာများကို လာမည့် စက်တင်ဘာလ (၂၆) ရက်မှ စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် လျှောက်လွှာများကို လာမည့် အောက်တိုဘာလ (၁ဝ)ရက်ကိုနောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image