ဆောက်သမ်တန်နှင့်ပွဲစဉ်မှ အနီကတ်အတွက် အီကီတီကီအား ၂ ပတ်စာ လုပ်ခ ဒဏ်ရိုက်လာမဲ့ အန်းဆလော့
စက်တင်ဘာ ၂၆
လီဗာပူးနည်းပြအန်းဆလော့ဟာ ဆောက်သမ်တန်အား ၂-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ အနီကတ်အတွက် တိုက်စစ်မှူးဟူဂိုအီကီတီကီကို နှစ်ပတ်စာ လုပ်ခ ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ယင်းပွဲစဉ်တွင် ပြင်သစ်တိုက်စစ်မှူးဟာ လူစားဝင်ရောက်လာပြီးနောက် ချီယေဆာရဲ့ အပိုင်ချပေးမှုမှ တဆင့် လီဗာပူးအတွက် အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။
အီကီတီကီဟာ အနိုင်ဂိုး သွင်းယူပြီးနောက် အင်္ကျီချွတ်ကာ အကြီးအကျယ် အောင်ပွဲခံခဲ့ပြီးနောက် ဒုတိယမြောက် အဝါကတ်ပြသခြင်းခံခဲ့ရကာ အထုတ်ခံခဲ့ရပါတယ်။
အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးဟာ ဒုတိယပိုင်းတွင် အလက်ဇန္ဒားအီဆက်ခ်အစား လူစားဝင်ရောက်လာပြီးနောက် ၈ မိနစ်အကြာတွင် ဘောလုံးအား အဝေးသို့ လွှင့်ပစ်မှုအတွက် ပထမ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
ယင်းနောက် သူဟာ ပွဲချိန် ၈၅ မိနစ်တွင် ချီယေဆာက တကိုယ်ကောင်းမဆန်ဘဲ အပိုင်ဖန်တီးပေးမှုမှ တဆင့် အသာအယာအပိုင်ပိတ်ကာ ၂-၁ ဖြစ်စေမဲ့ အနိုင်ဂိုးကို သွင်းခဲ့ပါတယ်။
အီကီတီကီဟာ ပြိုင်ဘက်ကစားသမားများကို ခက်ခက်ခဲခဲ ကျော်ဖြတ်ကာ ဂိုးသွင်းယူခြင်း မဟုတ်ဘဲ ချီယေဆာရဲ့အားထုတ်မှုမှ တဆင့် အသာအယာ ပိတ်ကာ ဂိုးသွင်းနိုင်မှုအား အကြီးအကျယ် အောင်ပွဲခံမှုနှင့်အတူ အန်းဆလော့ရဲ့ အပြင်းအထန် ဝေဖန်ခြင်းခံခဲ့ရပါတယ်။
ပွဲအပြီးတွင် အန်းဆလော့က မိုက်မဲတဲ့ လုပ်ရပ်ဆိုပြီး အီကီတီကီအား အပြင်းအထန် ဝေဖန်သွားခဲ့ပါတယ်။
အရပ် ၆ ပေ၊ ၃ လက်မရှိ အီကီတီကီဟာ ပွဲအပြီးတွင် ယင်းအနီကတ်အတွက် အားလုံးကို တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ အန်းဆလော့ဟာ မလိုလားအပ်ဘဲ အနီကတ်ပြသခံခဲ့ရတဲ့ အီကီတီကီအား နှစ်ပတ်စာ လုပ်ခ ဒဏ်ရိုက်လာတော့မှာ ဖြစ်ပါတယ်။
Daily Mail ရဲ့ဖော်ပြလာမှုအရ လီဗာပူးတွင် တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ရရှိနေတဲ့ အီကီတီကီဟာ နှစ်ပတ်စာ လုပ်ခ ဒဏ်ရိုက်ခံရမှုနှင့်အတူ ပေါင် ၅၀၀၀၀၀ ဒဏ်ကြေးပေးဆောင်လာရမှာ ဖြစ်ကြောင်း သိရပါတယ်။
အီကီတီကီဟာ နွေရာသီတွင် ဖရန့်ဖတ်မှ ပေါင် ၆၉ သန်းဖြင့် ပြောင်းလာပြီးနောက် လီဗာပူအးတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၅ ဂိုးသွင်းထားနိုင်ပါတယ်။
သူဟာ ဆောက်သမ်တန်နှင့်ပွဲစဉ်မှ အနီကတ်ကြောင့် စနေနေ့ည ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်ကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ