10 ပတ် - ဘာသာပြန်ပါ။

ကတိတွေ၊သစ္စာတွေဆိုတာ
တစ်ဖက်သူ ယုံကြည်ပေးဖို့
တောင်းဆိုရတာမဟုတ်ဘူး။
ကိုယ့်ဘက်က တစ်ဖက်သူ ယုံဖို့
တည်အောင်၊ မချိုးဖောက်မိအောင်
ကြိုးစားပြရတာ။
လူတယောက် ကိုယ့်ကိုယုံကြည်ဖို့
တောင်းဆိုစရာမလ်ိုသလို
လိုက်ပြီးရှင်းပြနေဖို့လည်းမလိုဘူး။
ကိုယ့်ဘက်ကမှန်အောင်နေပြဖို့ပဲလိုတာ
ကိုယ့်ဘက်ကမှန်နေရင်
ဘယ်သူ့ရဲ့မယုံကြည်မှုကိုမှ
စိုးရိမ်စရာမလိုဘူး။
ပါးစပ်ကနေတဖွဖွပြောနေပြီး
နေချင်သလိုနေပြတာမဟုတ်ဘူး။
ကတိ၊ သစ္စာဆိုတာ
"သီလ" တစ်မျိုးပဲ။
အဲ့ဒီလို သီလလုံခဲ့စဉ်က
နွယ်၊ မြက်၊ သစ်ပင်တွေကအစ
ဆေးဘက်ဝင်တယ်။