10 w - Translate

မလေးရှားသို့ မြန်မာနိုင်ငံသားများ ဗီဇာမလိုဘဲ ၁၄ ရက် သွားနိုင်မည်
ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၅
မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံသားများကို ဗီဇာမလိုဘဲ နိုင်ငံအတွင်း ၁၄ ရက်လည်ပတ်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်မြို့ရှိ မလေးရှားသံရုံးက ယမန်နေ့ ညပိုင်း ထုတ်ပြန်သည်။
အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် မလေးရှားနိုင်ငံသို့ ကာလတို လည်ပတ်မှုအတွက် ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်း၊ အဆိုပါ ဗီဇာကင်းလွတ်ခွင့်တွင် မလေးရှားနိုင်ငံအတွင်း ရက်ပေါင်း ၁၄ ရက် နေထိုင်နိုင်ကြောင်း မလေးရှားသံရုံးက ဖော်ပြသည်။
မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်သည် သတ်မှတ်ထားသည့် နိုင်ငံဝင်ပေါက်၊ ထွက်ပေါက်များရှိ လူဝင်မှုကြီးကြပ်ရေး အရာရှိ၏ အတည်ပြုမှုချက်အပေါ် မူတည်သဖြင့် ဗီဇာလိုအပ်ချက် ကင်းလွတ်ခွင့်ပြုခြင်းသည် မလေးရှားနိုင်ငံသထဲ ဝင်ရောက်ခွင့်ရရန် အာမခံချက်မဟုတ်သည်ကို သတိပြုစေလိုကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မလေးရှားနိုင်ငံသို့ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများသည် သံရုံးမှ ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး လိုအပ်သည်များ ပြည့်စုံစွာ ယူဆောင်သွားကြရန် ခရီးသွား ကုမ္ပဏီများက အကြံပြုထားသည်။

image