10 w - Translate

ခင်ပွန်းဟောင်းနဲ့ ပထမဆုံးချိန်းတွေ့စဉ်က ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြောလာခဲ့တဲ့ မိုင်လီ ဆိုင်းရပ်စ်
အဆိုတော်မင်းသမီး မိုင်လီ ဆိုင်းရပ်စ်ဟာ စက်တင်ဘာ ၂၄ ရက်နေ့က Vogue မဂ္ဂဇင်းနဲ့ ဖက်ရှင်အကြောင်း အင်တာဗျူးဖြေဆိုခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးအတွင်း သူ့ရဲ့ခင်ပွန်းဟောင်း မင်းသားလီယမ် ဟမ်းစဝေါ့သ်နဲ့ ချစ်သူတွေဖြစ်ခဲ့စဉ်က ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေရှိနေသေးတယ်လို့လည်း ဖွင့်ဟသွားခဲ့ပါတယ်။
မိုင်လီက ခင်ပွန်းဟောင်းနဲ့ တွေ့တုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံနဲ့ သူတို့ ပထမဆုံးချိန်းတွေတုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံတွေရှိသေးတယ်လို့ ဆိုပါတယ်။ သူ့ဘဝရဲ့လှပတဲ့ အခိုက်အတန့်တွေကို ခံစားချင်ပေမဲ့ ဒီအခိုက်အတန့်တွေကလည်း လူသိရှင်ကြားအခိုက်အတန့်တွေလည်းဖြစ်ခဲ့တာကြောင့် သူ မျှဝေချင်တဲ့အရာနဲ့ ဘယ်အရာကို အမြဲမြင့်ခွင့်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ ခက်တယ်လို့လည်း ပြောထားပါတယ်။
မိုင်လီနဲ့ လီယမ်တို့ဟာ ၂၀၀၉ ခုနှစ်က The Last Song ဇာတ်ကားရိုက်ကွင်းမှာ ဆုံတွေ့ခဲ့ကြတာပါ။ ဇာတ်ကားရိုက်ကူးအပြီး မကြာခင်မှာ သူတို့ရဲ့ဆက်ဆံရေးကို အတည်ပြုခဲ့တာပါ။ အဲ့ဒီကစပြီး သူတို့နှစ်ဦးက ပြတ်လိုက်ဆက်လိုက်ဆက်ဆံရေးဖြစ်နေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ လီယမ်က မိုင်လီကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
၂၀၁၃ ခုနှစ်စက်တင်ဘာမှာ သူတို့ရဲ့စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သူတို့ပြန်တွဲခဲ့ကြကာ ပြန်ပြီး စေ့စပ်ခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ လက်ထပ်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ လီယမ်က ကွာရှင်းခွင့်တင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့မှာတော့ သူတို့နှစ်ဦး ကွာရှင်းတာ အပြီးသတ်ခဲ့ပါတယ်။
လက်ရှိမှာတော့ မိုင်လီက အသက် ၂၆ နှစ်အရွယ်အမေရိကန်လူမျိုးဒရမ်သမား Maxx Morando နဲ့ တွဲနေတဲ့အပြင် လီယမ်ကလည်း မော်ဒယ် Gabriella Brooks နဲ့ အခုလထဲမှာ စေ့စပ်လိုက်ပါတယ်။
Ref: Miley Cyrus Reveals She Still Owns the Dress She Wore for Her First Date with Ex-Husband Liam Hemsworth

image