လာလီဂါကလပ်အား ဝယ်ယူပြီး ဘောလုံးအင်ပါယာတည်ထောင်ရန် လီဗာပူးပိုင်ရှင် FSG နီးစပ်လာ

စက်တင်ဘာ ၂၆

လီဗာပူးပိုင်ရှင် Fenway Sports Group ဟာ ဘောလုံးအင်ပါယာတည်ထောင်‌ရေး နောက်ထပ် ဘောလုံးကလပ်သစ်တစ်ခုဝယ်ယူရေး ကြိုးပမ်းမှု အဆုံးသတ်လာတော့မှာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်ကတည်းက လီဗာပူးအား ဝယ်ယူလာခဲ့တဲ့ Fenway Sports Group ဟာ ဂီတာဖေးအား ဝယ်ယူရေး ဆွေးနွေးမှု အဆင်ပြေချောမွေ့နေကြောင်း သိရပါတယ်။

လက်ရှိအချိန်တွင် Fenway Sports Group ဟာ ဂီတာဖေးကို ဈေးနှုန်းဘယ်လောက်ဖြင့် ဝယ်ယူရေး ဆွေးနွေးနေသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဂီတာဖေးကို ၂၀၀၂ ခုနှစ်ကတည်းက ဒေသခံစီးပွားရေးလုပ်ငန်းရှင် အိန်ဂျယ်တောရက်စ်က ပိုင်ဆိုင်လာခဲ့တာ ဖြစ်ပြီး ၎င်းဘက်က ဆွေးနွေးမှု အဆင်ပြေပါက ရောင်းချရန် အသင့် ရှိနေပါတယ်။

Fenway Sports Group ဟာ ပြီးခဲ့တဲ့နှစ်များအတွင်းတွင် ဘောလုံးအင်ပါယာတည်ထောင်ရေးအတွက် လီဂူး ၁ ကလပ် တူးလော့စ်၊ လာလီဂါကလပ် မာယော့ကာတို့အပါအဝင် ဥရောပကလပ်အမြောက်အမြားအား ဆန်းစစ်ကာ ဝယ်ယူရေး ကြိုးပမ်းခဲ့ပါတယ်။

Fenway Sports Group ဟာ MLB ကလပ် Boston Red Sox၊ NHL ကလပ် Pittsburgh Penguins တို့အား ပိုင်ဆိုင်ပါတယ်။

Credit - Playmaker News Journal

#ဘောလုံးသတင်းစုံ

image