10 ပတ် - ဘာသာပြန်ပါ။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လာဘ်ကောင်များကို ဖီဖာ ကြေညာ

စက်တင်ဘာ ၂၆

ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုလာမယ့် လာဘ်ကောင်များကို ကြေညာလာပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပြီး အိမ်ရှင်နိုင်ငံတစ်ခုစီအတွက် ကိုယ်စားပြုတဲ့ လာဘ်ကောင်များအဖြစ် လာဘ်ကောင် ၃ ကောင် ဖန်တီးကြေညာလာတာလည်း ဖြစ်ပါတယ်။

မက္ကဆီကိုအတွက် ကျားသစ် Zaya ၊ ကနေဒါအတွက် ဆတ် Maple ၊ အမေရိကန်အတွက် လင်းယုန် Clutch တို့ကို ကြေညာလာတာပါ။

မက္ကဆီကို ကိုယ်စားပြု Zaya က တိုက်စစ်မှူး ဖြစ်ပြီး ကနေဒါကိုယ်စားပြု Maple က ဂိုးသမားဖြစ်ကာ အမေရိကန်ကိုယ်စားပြု Clutch က အလယ်တန်းကစားသမား ဖြစ်ပါတယ်။

မက္ကဆီကိုကိုယ်စားပြု ကျားသစ်ကို သမိုင်းဝင် မာယန်ယဉ်ကျေးမှု အခြေပြုပြီး ရေးဆွဲထားတာလည်း ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား လာဘ်ကောင်များမှာ FIFA Heroes ဂိမ်းတွင် ကစားနိုင်တဲ့ ကာရိုက်တာအဖြစ် ပထမဆုံးအကြိမ် ထည့်သွင်းလာပါဦးမယ်။ ယင်းဂိမ်းကို ၂၀၂၆ ခုနှစ်တွင် ထုတ်လွှင့်လာမှာ ဖြစ်ပြီး Android၊ iOS၊ Nintendo Switch၊ PlayStation နဲ့ Xbox တို့တွင် ကစားနိုင်ပါမယ်။ ယင်းဂိမ်းကို ENVER က Solace နှင့် ပူးပေါင်းကာ ဖန်တီးလာပါမယ်။

ယင်းဂိမ်းတွင် ကစားသမားများအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားလာဘ်ကောင်များအပြင် ယခင်ကမ္ဘာ့ဖလားလာဘ်ကောင်များကိုပါ အသုံးပြုပြီး အသင်းတည်ဆောက်ကာ ကစားရပါမယ်။

#ဘောလုံးသတင်းစုံ

imageimage