တွေ့ဆုံကြုံကွဲဖြစ်စဉ်မှာ ကိုယ်ရွေးချယ်မရတာ တားဆီးမရတာတွေက အများကြီးပါပဲ ။
ဘဝအဆုံးထိဆက်သွားဖို့ လက်တွဲမရရင် ကိုယ့်ဘက်က ဘယ်လိုပဲ ဆွဲထားပါစေ လမ်းခွဲကိုခွဲလိုက်ရတာပါပဲ ။ လူမှန်သူမှန်နဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာပြန်ရင်လည်း ကိုယ်တားဆီးဖို့တောင် အချိန်မရလိုက်ကြပါဘူး။
ကိုယ့်ဘက်က ပြင်ဆင်တားဆီးမရလို့ နှုတ်ဆက်ရမယ်ဆိုရင်လည်း စိတ်ကိုလွှတ်ချလိုက်ပြီး ကျောခိုင်းနိုင်ဖို့လိုအပ်တယ်ဆိုတာ အသက်ကြီးလာရင် သိသွားတဲ့အရာတစ်ခုလိုပါပဲ ။
ကိုယ့်နဲ့ ကံဆုံလို့တွေ့လာခဲ့ရင်လဲ တွေ့လိုက်တဲ့အခိုက်အတန့်တစ်ခုမှာ ကိုယ်ရောသူရော စိတ်ဒဏ်ရာမရှိပဲ ရေရှည်သွားလို့ရတဲ့ Healthy relationship လေးကို တည်ဆောက်နိုင်ဖို့ အရေးကြီးဆုံးဆိုတာကလည်း ပိုပိုသိလာရတယ် ။
—— မာရင်ရင်